<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit ch-2ကြည့်နေတာဆိုတာ ဟိုဘက်စားပွဲကနေ ပြုံးင်္ဖြီးဖြီးနဲ့ကို ကြည့်တာ…
ဘာကို အဲ့လောက်ကြည့်နေမှန်းမသိဘူးအံမယ်…
ကျွန်တော်ပြန်ကြည့်နေတာမြင်တော့ ပြုံးတောင်ပြ
နေသေးတယ်စိတ်ထဲမှာ မသင်္ကာသလိုဖြစ်တာနဲ့ အနောက်ကို လှည့်ကြည့်မိတော့…
'ဟင်'
အနောက်မှာ မငယ်နဲ့ သူ့သူငယ်ချင်းတွေရဲ့ဝိုင်း…သိလိုက်ပြီ
ဒါ…ကျွန်တော့်မငယ်ကို ကြည့်နေတာထင်တော့ထင်သားပဲ…
ဒီလောက် ထိုင်ခုံက ပြုတ်ကျမတတ် ငေးနေကတည်းက တစ်ခုခုပဲဆိုတာကို…
အခု ကျွန်တော့်မငယ်ကို ပေါ်တင်ကြီးငေးနေတာ
ဒီကောင်လေး…တွေ့မယ်…ဟွန့်စိတ်ထဲမှာတင်းတင်းနဲ့ ကျွန်တော် မငယ်တို့ဝိုင်းနဲ့ သူ့မျက်လုံးလမ်းကြောင်းရဲ့ကြားမှာ နေရာရွေ့ထိုင်
လိုက်တယ်
အဲ့တော့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့Beamရဲ့ နောက်မှာဝင်ပုန်းလိုက်သလိုတောင် ဖြစ်သွားသေးတယ်အာ…ဖြစ်ချင်ရာဖြစ်ပေါ့…
မငယ်တို့ဝိုင်းဆီကို မမြင်ရရင်ပြီးတာပဲဟာ…
ကျော်ကြည့်နေတယ်ဒါတော့ လွန်လွန်းသွားပြီ ကျွန်တော် ဒီလောက်ရှေ့မှာ ပိတ်ထိုင်ထားတာတောင်မှပဲ
မငယ်ကို ရအောင် ခါးမတ်ပြီးကြည့်နေတယ်ကျွန်တော်လည်း ခါးမတ်ပြီး ထပ်ကာလိုက်တယ်…
''ဟာ…Kitkat…မင်းက ဘယ်လိုဖြစ်လို့ ညိမ်ညိမ်မထိုင်နိုင်ရတာလဲ''
Beamက မေးတော့…''သြ…ဒီအတိုင်းပါပဲ''
'ဒီအတိုင်းပါပဲ'ဆိုနေကာမှ Beamက နောက်လှည့်ုကြည့်ပြီး
''ဘာလဲ…ဟိုကောင်လေး မင်းကိုကြည့်နေလို့လား''''ငါ့ကိုတော့ ကြည့်စရာလားကွ…မငယ်ကို ကြည့်တာပေါ့''
ကျွန်တော့်ကြတော့ အထုခံရတာတောင် ဖြည်းဖြည်းအော်ခိုင်းပြီး…
သူကြတော့ အသံပြဲနဲ့ ထအော်နေတဲ့ Beamကို ကျွန်တော့်မှာလေသံအုပ်အုပ်နဲ့
တားရသေးတယ်
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...