<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit ch-28'တောင်'ခနဲ messageတစ်ခု…
'ငါ ကျောင်းဖွင့်မှပဲ စာအုပ်ယူတော့မယ် sorryပဲ…ကိစ္စတစ်ခု ပေါ်လာလို့'…တဲ့Phanaအစုတ်ပလုတ်…!!
မလာဘူးဆိုရင်လည်းကြိုပြောပါလား
အခုသူ့ကိုစောင့်ရင်း ဆေးလေးသုတ်မိပါတယ်…စောင်ကလေးမွှေလို့ မှောက်ကျသွားတဲ့ဆေးအဖြူတွေ ပြန်သုတ်ရသေးတယ်
ကြမ်းပြင်ကဆေးတွေပြန်သုတ်…ဆိုဖာပေါ်က ပလတ်စတစ်တွေပြန်ဖယ်…အကုန်လည်း ရှင်းပြီးကော ဖတ်ဖတ်ကိုမောလို့…နာရီကိုကြည့်တော့ 9:20a.m
8:00a.mလောက်ကတည်းက စရှင်းလိုက်ရတာဆိုတာ…ခုမှပြီးတယ်ပြီးလည်းပြီးရော ကြမ်းပြင်ပေါ်ပဲ ထိုင်ချလိုက်တယ်
ဆိုဖာပေါ်ထိုင်လည်း အကျီင်္မှာပေနေတဲ့ ဆေးတွေပေဦးမယ်လေ…ဒါတောင် ကျွန်တော်က တော်သေးတာ
Mingဆို အကျီင်္မှာပေတာတောင် ကျွန်တော့်ထက် များတယ်။
မျက်နှာကော…လက်တွေကော…''မင်း…အိမ်ပြန်မှာလား''
ကျွန်တော်မေးလိုက်တော့ သူ လက်ကိုနောက်ပြန်ထောက် ထိုင်နေရာက သူ့ကိုယ်သူပြန်ကြည့်ရင်း…
''ကျွန်တော်က ဒီပုံစံကြီးနဲ့ အိမ်ပြန်ရမှာလား''''အင်းလေ…''
ဆေးပေပြီးဖြူနေပေမယ့် လက်ကောခြေကော အကောင်းအတိုင်းပဲဟာကို…
ဆေးပေတာနဲ့အသက်က အဝေးကြီး…''ကားမပါလို့လား??''
''မဟုတ်ပါဘူး…ပါ,ပါတယ်''
''အင်းလေ…မပြန်ဘူးလား''
လမ်းလျှောက်ပြန်ဖို့ဆိုရင်သာ အဆင်မပြေရင်မပြေမယ်…
ကားမောင်းပြန်တာတော့ ဘာမှမဖြစ်လောက်ပါဘူး
သူ့အိမ်ကလည်း နီးနီးလေးပဲလေ''ဒီပုံစံနဲ့ ကားမောင်းရင် ကားကို ဆေးအဖြူတွေ ပေကုန်မှာပေါ့''
အဲ့တာလည်း ဟုတ်သားပဲ…ကျွန်တော် မတွေးလိုက်မိဘူးဖြစ်သွားတယ်
ကားထိုင်ခုံတွေအကုန်ပေကုန်မှာပေါ့… ပြီးတော့လည်း သူ့ကားကအမဲကြီး''အဲ့တော့ ဘယ်လိုလုပ်မလဲ''
''ကျွန်တော် ရေချိုးသွားလိုက်မယ်လေ…''
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...