Fall in L💜ve with my sister's crush!!!

3.4K 269 8
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit {'Extra´}-5

''Ming ကျောင်းကP'တယောက်ကို ကြိုက်နေမိတယ်ပြောတုန်းက အန်တီတို့တွေ ပျော်သွားမိကြသေးတယ်။သူက ဘယ်မိန်းကလေးကိုမှ အတည်ကြိုက်ဖူးသေးတာ မဟုတ်ဘူးလေ''
ကျွန်တော့်ကို လှည့်မကြည့်ပဲပြောနေတဲ့ စကားတွေကို ကျွန်တော်မလှုပ်မယှက်ရပ်ပြီး နားထောင်နေမိလေရဲ့…

အင်းပေါ့လေ…Mingက ကျွန်တော့်လို ယောကျာ်းလေးတယောက်ကိုကြိုက်မယ်လို့ ဘယ်လိုများတွေးခဲ့မိမှာပါလိမ့်…

''ဒါပေမယ့်လည်း…နောက်…အဖြစ်မှန်ကိုလည်း သိရကော…အဟင်း…Mingပြောပြဖူးလားမသိဘူး''

''ဟုတ်…သူပြောပြဖူးပါတယ်''
ဖွင့်ပြောပြောချင်းမှာ ပြဿနာအတော်ဖြစ်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ မတွဲခင်ကတည်းက Mingပြောပြခဲ့တာပဲလေ…

အရင်က Mingရဲ့မိဘတွေနဲ့ ဒီလို အနီးကပ်မနေဖူးတော့ ကျွန်တော် နားထောင်နေရုံကလွဲပြီး ဘာပြန်ပြောရမယ်မှန်းမသိပါ…

တဦးတည်းသောသားက ယောကျာ်းလေးတယောက်ကို ကြိုက်ခဲ့တဲ့ကိစ္စကို ဘယ်မိဘကတော့ စိတ်ကောင်းနိုင်ပါ့မလဲလေ…

''Mingဒီလိုဖြစ်မယ်လို့မထင်ခဲ့…''

''ကျွန်တော်လည်း ဒီလိုဖြစ်လိမ့်မယ်လို့မထင်ခဲ့ဘူး…''
ကျွန်တော်လှည့်ကြည့်လိုက်မိတော့…

''Ming!?''
သူက အပေါ်မှာ အိပ်နေတာမဟုတ်ဘူးလား?
ပြောတော့ခြေထောက်နာနေတယ်ဆိုပြီး… အခုကျတော့ မီးဖိုချောင်ထဲဝင်လာတာ ခြေထောက်က အကောင်းအတိုင်းပဲ

''အမေပြောသလိုပါပဲ…ကျွန်တော်လည်း P'ကို ချစ်မိခဲ့မယ်လို့မထင်ပါဘူး…
အဲ့ဒီအတွက်လည်း ကျွန်တော် သားတယောက်ရဲ့ဝတ္တရား မကျေပွန်သလို ခံစားရတယ်''

သြ…
Mingက အဲ့ဒီလိုခံစားနေရတာတဲ့လား…
အဲ့တာနဲ့များ…ဘာလို့ ကျွန်တော့်ကို ဒီအကြောင်းတွေ တခါမှမပြောရတာလဲ…
သူ့အမေရှေ့မှာမှ ပြောရအောင် အရင်က ကျွန်တော်နဲ့ ဟန်ဆောင်နေခဲ့တာများလားဗျာ…

Mingရဲ့အမေ မျက်နှာအမူအယာကိုတော့ ကျွန်တော်မမှန်းတတ်ဘူး…

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now