Fall in L💜ve with my sister's crush!!!

4.2K 326 4
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-11

မဟုတ်ပါစေနဲ့…မဟုတ်ပါစေနဲ့…
အနောက်က ဟိုကောင်လေး မဟုတ်ပါစေနဲ့

ကျွန်တော်ဆုတောင်းရင်း လှည့်ကြည့်တော့
ကွင်းကွင်းကွက်ကွက်ကို ဆုတောင်းပြည့်ပုံရသည်
ဟိုကောင်လေးမှ ဟိုကောင်လေး…

သူက ဘယ်လိုဖြစ်လို့ရောက်လာရပြန်တာလဲဗျာ…

''P'…''
ခေါ်ပြန်ပြီ

''ပြော…ဘာလဲ…''

''P' ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲလား''
လာပြန်ပြီ…ဒီ စိတ်ဆိုးတဲ့ကိစ္စက…
ဘာကိုစိတ်ဆိုးမှန်း မသိရင်ပဲ ကိစ္စက ဟိုလိုလို…ဒီလိုလို
''ကျွန်တော်က P'…''

''ဒီမှာ…''
ကျွန်တော် သူ့စကားကို ဖြတ်ပြောလိုက်မိတယ်

ဖြတ်မပြောလို့လည်း မရတော့ဘူးလေ
သူ့ပုံစံက အတည်ကြီးဖြစ်နေတာကို…
ကျွန်တော် အပြတ်ပြောမှဖြစ်တော့မယ်

''အဲ့တာက မဖြစ်နိုင်ဘူး…''

သူ့မျက်နှာ တည်သွားတယ်
မျက်လုံးတွေက ခဏအကြည့်လွှဲပြီးတော့မှ ကျွန်တော့်မျက်လုံးထဲကို စိုက်ကြည့်ပြီး…

''ကျွန်တော် P'ကို ချစ်နေတယ်ဆိုတာကလား P' ''

''ဟုတ်တယ်''

''ဘာလို့လဲ P' ကျွန်တော်က ယောကျာ်းလေး တစ်ယောက်မို့လို့လား''

''မဟုတ်…အဲ…ဟုတ်တယ်''
အဲ့တာလည်းပါတာပေါ့…
ကျွန်တော်တို့နှစ်ယောက်လုံးက ယောကျာ်းလေး
တွေလေ
ဒါပေမယ့်လည်း လက်ခံလို့တော့ရပါတယ်
(ကျွန်တော်က သူ့လက်ခံလို့ရတယ်မပြောဘူးနော်
ဒီအတိုင်း…ကြိုက်နေတယ်ဆိုတာကို နားလည်ပေးနိုင်တယ်ပြောတာ)

မရတာက ကျွန်တော်သေမယ့်ကိစ္စ…
ဟိုတစ်နှစ်တုန်းက အတင်းရည်းစားစကား
လိုက်ပြောတဲ့ ဘဲတစ်ယောက်ကို ကျွန်တော့်မငယ်က ထမင်းချိုင့်နဲ့ခေါင်းကွဲအောင်
ထုဖူးတယ်တဲ့

စဉ်းစားသာကြည့်…
အဲ့ကောင်လေးနဲ့ ကျွန်တော်က အသေတိုပြ ထားတာ
အခု ဒီကောင်လေးက ကျွန်တော့်ကို…အိ
နောက်ကိစ္စမပြောနဲ့…
အခုကိစ္စသိသွားရင်တောင်မှပဲ

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now