<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit ch-21''P'…ဘာကိုပြောချင်တာလဲ P'… ကျွန်တော့်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်''
''ငါ နောက်နေတဲ့ပုံ ပေါ်နေလို့လား''
တကယ်လည်း နောက်မနေပါဘူး…
ကျွန်တော် နဂိုကတည်းက ဘာမှခံစားချက်မရှိခဲ့တာ မဟုတ်လား''ကျွန်တော် ဘာများလုပ်မိလို့လဲP'…
ကျွန်တော် ဘာမှားလို့လဲဟင်''''မင်းနဲ့တော့မဆိုင်ပါဘူး…ဒီအတိုင်း…
ငါ စိတ်ညစ်လာလို့''''ဒါပေမယ့် ကျွန်တော်တို့က ဘာမှတောင် မစခဲ့ရသေး…''
''အဲ့ဒါကြောင့် ငါတော်ဖို့ပြောနေတာပေါ့…''
ကျွန်တော် သူ့စကားကို ဆုံးအောင်နားမထောင်ပဲ
ဖြတ်အော်လိုက်မိတယ်
သူက ဘာဖြစ်လို့ ဒီလောက်ထိ အတည်လာဖြစ်နေရတာလဲ…''ဒီကိစ္စက မဖြစ်နိုင်ဘူးဆိုတာ မင်းကိုယ်တိုင်လည်း သိခဲ့တယ်မဟုတ်လား…အဲ့တာကို ဘာလို့ ခုကတည်းကမရပ်မှာလဲ အခုမစရသေးခင်ကတည်းက ရပ်လိုက်လို့မရလို့လား''
သူလည်းသိခဲ့တယ်မဟုတ်လား…
ကျွန်တော် သူ့ကို အစကတည်းက မကြိုက်ခဲ့မှန်း သိတယ်မဟုတ်လား''P'…သေချာလား''
သူမေးလာတာက ခါတိုင်းလို မျက်နှာထားတည်နဲ့…ဘာပြောဦးမှာမို့လို့လဲ…
ကျွန်တော့်ကို ဘယ်လောက်ချစ်ကြောင်းလား…
ဘယ်လိုချစ်ခဲ့တယ်ဆိုတာလား…
ဘယ်လိုဆက်ချစ်မယ်ဆိုတာလား…
တော်လိုက်ပါတော့လားကျွန်တော်တစ်ညလုံး စဉ်းစားခဲ့ပြီးပြီ
သူဘယ်လောက်ပဲ ကတိပေးပေး…ကျွန်တော် လက်မခံနိုင်လောက်ဘူး
အခု မငယ်သိသွားတာလေးကတောင်…
ကျွန်တော်တို့ကဘာမှမဟုတ်သေးတာကတောင်…
ဒီလောက်ထိ စိတ်ညစ်ဖို့ကောင်းတယ်လေတကယ်လို့များ ကျွန်တော်လက်ခံပြီးမှ
အမေတို့သိသွားရင်…လူတိုင်းသိသွားရင်
ကျွန်တော် ခံနိုင်ရည်ရှိလောက်မယ်မထင်ဘူးအရင်တုန်းက သူပြောတာတွေကို မကြားဖူးခဲ့လို့လားမသိပေမယ့် ရင်ခုန်ခဲ့မိတယ်
ဒါပေမယ့် အခုကတော့
သူပြောမယ့်စကားတွေကို ကြိုတွေးပြီးနေပြီ
ပြီးတော့…
ကျွန်တော့်စိတ်ကိုလည်း ငြိမ်အောင်ထားခဲ့ပြီးပြီ
သူပြောမယ့်စကားကို ကျွန်တော် ထပ်ပြီးနားယောင်တော့မှာမဟုတ်ဘူး
ဘာခံစားချက်မှလည်း ထပ်ပြီးရှိလာမှာမဟုတ်ဘူး
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...