Fall in L💜ve with my sister's crush!!!

3.4K 254 0
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-30

အခု အောက်ထပ်လာခဲ့ဆိုတော့…
ဧည့်ခန်းထဲသွားရမှာမို့လား

ဘာပြောကြမလဲမသိ!!!

ကျွန်တော် ကြိုတော့ပြောထားတာပဲလေ…
မျက်နှာချင်းဆိုင်တွေ့ရင် ပြောရမယ့်စကားတွေကို ကြိုစဉ်းစားထားတာတော့ ရှိပေမယ့်လည်း အခုအခြေအနေကြီးက…

ကျွန်တော်နဲ့Mingကို တွေ့သွားတဲ့ပုံစံကြီးက…

ဘယ်လိုတောင်ရှင်းရမလဲမသိတော့ဘူး…
ပြောရင်လည်း ယုံကြပါ့မလား
ပြဿနာက မရှင်းတဲ့အပြင် ပိုတောင် ကြီးလာသလိုပဲ…ဟူး

အဲ့တာမို့ ဘာလို့ ပြန်လာမှာကို ကြိုမပြောထားတာလဲလို့
supriseများ လုပ်ချင်နေတာလား မှတ်ရတယ်…
အခု မသိရင်ပဲ…
ဘယ်သူမှ အိမ်မှာမရှိတုန်းမို့ပဲ ကျွန်တော်က Mingနဲ့…လို့ထင်စရာဖြစ်နေပြီ

ကျွတ်…
မဟုတ်ပေမယ့်လည်း မျက်နှာတွေပူနေပြီ
ဘယ်လိုမျက်နှာနဲ့များ ဧည့်ခန်းသွားတွေ့ရမလဲ

မသွားချင်ဘူးလို့…
ဒီအတိုင်းဖွင့်ပြောရုံဆိုရင်တောင် မျက်နှာချင်းဆိုင်ပြောဖို့အတော် ကြိုးစားရမှာလေ
အခုဟာက…ဟိုလိုမျိုးကြီးမြင်သွားတာ…
မသွားချင်တော့ဘူး…မသွားရဲဘူး

ဘာလုပ်ရမယ်မှန်းမသိတာနဲ့ လှေကားမှာ ထိုင်နေမိတုန်း…

''ဘာလို့ဒီမှာထိုင်နေတာလဲ P' ''

အနောက်ကအသံကြောင့်လှည့်ကြည့်မိတော့ Ming…
ကျွန်တော်ထုတ်ပေးတဲ့အကျီင်္တွေနဲ့တော်သားပဲ
အကျီင်္က ကျွန်တော်နဲ့ပွပေမယ့် သူနဲ့ကွက်တိ…
ဘောင်းဘီလည်း တော်တဲ့ပုံပါပဲ

''ဒီလိုပါပဲ…''
ဘာလို့ထိုင်နေမိမှန်း ကျွန်တော့်ကိုယ်ကျွန်တော်လည်း မသိပါဘူး
ဒီအတိုင်းပဲ ထိုင်နေမိတာ…
ဧည့်ခန်းထဲမသွားရဲသေးလို့…

သူ ကျွန်တော့်ဘေး လှေကားထစ်မှာ ဝင်ထိုင်လိုက်တယ်
''ကျေးဇူးပဲ P'…''
လှေကားပေါ်ထောက်ထားတဲ့ ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်တဲ့သူ့လက်တစ်ဖက်

''ပြီးတော့ တောင်းပန်ပါတယ်''

''ဘာကိုလဲ?''
အရင်းမရှိ…အဖျားမရှိနဲ့

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now