Fall in L💜ve with my sister's crush!!!

5.4K 324 35
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    {'Extra´}-3

မုန်ညှင်းနဲ့မတည့်ဘူးလည်းပြောသေးတယ်…
ဘာကိစ္စနဲ့စားတာလဲလို့…

''အဲ့တာဆိုဘာလို့စားနေတာလဲ…
မုန်ညှင်းတွေပါတာကို''

''P'ပဲ စားဆို''
ဟင်!!
ပြဿနာက အဲ့ဒီမှာစပြီ။
ကျွန်တော့်ကြောင့်ဆိုတာကြီး ဖြစ်ပြန်ပြီ

''ဟာ…ငါစားခိုင်းတိုင်းစားစရာလား…''
သေကုန်တော့မှာပဲ…
ဒီစောင်ကလေးနဲ့တော့ ပြဿနာပဲ

''စားရမှာပေါ့ P'…ကျွန်တော်က P'ရဲ့စကားကို နားထောင်ရမှာပေါ့''

အာ…အရေးထဲဗျာ…
သူ့အကျင့်အတိုင်း စကားလာတတ်ပြနေပြန်ပြီ

''တော်တော့…အပိုတွေမပြောနဲ့
အခု ဆေးခန်းသွားမယ်''
ကျွန်တော်သူ့လက်ကိုဆွဲပြီး ထရပ်လိုက်တော့ သူကျွန်တော့်လက်ကို ပြန်ဆွဲချပြီး ထိုင်ခိုင်းလိုက်တယ်…

''မတည့်ဘူးဆိုတာက အများကြီးစားမှ အရည်ပြားမှာ အနီကွက်လေး နည်းနည်းဖြစ်ရုံပါ
ဒီလောက်လေးစားရုံနဲ့ ဘာမှမဖြစ်ပါဘူး
P'အရမ်းစိတ်ပူစရာမလိုပါဘူး''

''ဒါပေမယ့်လည်း မတည့်တာကို ပြောပါလား…
ဘာလို့ ငါစားခိုင်းတာနဲ့ စားတာလဲ''

''ကျွန်တော်က P'ရဲ့စကား နားထောင်တာလေ''
အဲ့စောင်ကလေးကလေ
လူကိုအပြစ်ဖြစ်အောင် တကယ်ပြောတာပဲ

''ဘာကိုနားထောင်တာလဲ…အဲ့လိုနဲ့ မင်းတခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ…''

''P'က ကျွန်တော့်ကို အဲ့လောက်တောင် စိတ်ပူလို့လား''

''ဘာလဲ…ငါ စိတ်မပူရဘူးလား''
အဲ့ဒီမေးခွန်းကိုပဲ နေ့တိုင်းလိုလိုလာမေးနေတယ်…
သူမို့မရိုးနိုင်ပဲ လာမေးနေရတယ်လို့

''တကယ်က အများကြီးစားမှ allergicဖြစ်တာပါ…
အဲ့လိုမှန်းသိရင် P'စိတ်ပူပေးအောင် ကျွန်တော် အများကြီးစားလိုက်ပါတယ်''

စောင်ကလေး…ပြောနေပုံကိုက
မုန်ညှင်းရွက်ကျော်ကျွေးလိုက်ရ…

''မင်းငါ့ကို စိတ်ပူအောင်လုပ်ရတာ အဲ့လောက်တောင်ကြိုက်လား''

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now