Fall in L💜ve with my sister's crush!!!

4K 288 0
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-22

''မငယ်…''

''ဘာလဲ''

အသံကိုက တုံးတိတိနဲ့…
မနေ့က တစ်နေ့လုံးလည်း ကျွန်တော်စကားပြောရင် ပြန်ဖြေချင်သလို…
မဖြေချင်သလိုနဲ့

တနေ့လုံးလည်း သူသွားမယ်ဆိုတဲ့ နေရာမှန်သမျှကိုလိုက်ပို့ပေးရတာတောင် ကျေးဇူးတင်တဲ့ရုပ်မပေါ်…
အမေတို့ပို့ပေးတဲ့ မုန့်ဖိုးအတူသုံးပြီးတော့များ…
ကျွန်တော့်ကို ထောက်ပံ့နေရတာကြနေတာပဲ…

အဲ့တာတောင် မနေ့က ဟိုကောင်လေးကို သင်တန်းလာမတက်နဲ့လို့ ပြောထားလို့ပဲ…
မဟုတ်ရင် ဘယ်လိုတောင် ထပ်ပြောဦးမလဲမသိ

အခုမနက် ကျောင်းသွားခါနီး မြန်မြန်လုပ်ဖို့ ပြောတာတောင်မှ 'မစောင့်နိုင်ရင် အရင်သွားပေါ့'
ဆိုပြီးတော့…
ကျွန်တော့်ကို ဂရုမစိုက်သလိုလိုနဲ့
ဘာဖြစ်နေမှန်းကို မသိဘူး…
သူကပဲ လာတင်းပြနေရသေးတယ်လို့…

သူနဲ့ကျွန်တော်က အသက်ချင်းသိပ်ကွာတာမဟုတ်…ဒါပေမယ့် ကျွန်တော့်ကိုက ယောကျာ်းလေးမို့လားတော့ မသိပါဘူး…မင်္ကြီးတို့ကအစ ပိုချစ်သလိုလိုပဲ…

ပြီးတော့ သူနဲ့က တစ်နိုင်ငံတည်း ကျန်ခဲ့တာ မဟုတ်လား…
အဲ့တာမို့ ဒီအမလေးတစ်ယောက်ကို ကျွန်တော့်ကြောင့်အချစ်မခံရသလိုဖြစ်နေလို့
'မငယ်'ဆိုပြီး
မကြီးနဲ့မလတ်ထပ် ပိုချစ်ပါတယ်…သူက အနိုင်ပါကျင့်ချင်လာပြီ
သည်းခံနေတာကိုနော်… လွန်လာပြီလို့

သူအဲ့လိုလုပ်ပြနေလို့ ကျွန်တော် ပြောမိသွားတာ…
အခု သူ့ကိုပါ ပြောတော့မယ်

''ကျွန်တော် အမေတို့ကို ပြောလိုက်ပြီ''
ဟုတ်တယ်…
မကြိုက်ဘူးဆိုနေတာကို ဒီရုပ်ပဲဆိုမှတော့ သူမတိုင်ခင်ကိုယ့်ဖာသာ ကြိုတိုင်ထားလိုက်တယ်
ထူးမှမထူးတော့တာကို…

''ဘာကိုလဲ''
မျက်မှောင်ကြုတ်ပြီး ကားနောက်ခန်းကနေ မေးလာတော့

''ကျွန်တော်နဲ့Mingကြိုက်နေတာကို''
ပြောမိကုန်ပါပြီ…
ဒီပါးစပ်ဆိုတာကလည်း…
ပြောသာပြောရတာ တစ်မျိုးကြီးဖြစ်နေ…

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now