<zawgyi>
Fall in L💜ve with my sister's crush!!!
~MingKit ch-3မနက်ပိုင်းမှာ အပြေးလေ့ကျင့်ဖို့ ကျွန်တော် စောစောထခဲ့တယ်။
ဒီနေ့က ကျောင်းပိတ်တယ်လေ…မငယ်ကတော့ သွားမနိုးနဲ့…
ဒီလိုပိတ်ရက်မှာ လာနိုးရမလားဆိုပြီးတော့ တွေ့တာနဲ့ကောက်ပေါက်လွှတ်လိမ့်မယ်
မောင်နှမလေး နှစ်ယောက်မို့လို့ အဖော်ရမလားမှတ်ပါတယ်ခုတော့ ပြဒါးတစ်လမ်း…သံတစ်လမ်း…
တစ်ခြားဆီတွေဘာဖြစ်လဲ
အဲ့တော့လည်း သူ့ကို ခြံစောင့်အဒေါ်ကြီးနဲ့အိမ်မှာထားခဲ့တယ်…
ကိုယ့်ဖာသာကိုယ် ပြေးမှာပေါ့လို့…ဒီနေ့မနက်ခင်းလေးက အတော် သာယာတာပဲ
ရာသီဥတုက မပူမအေးနဲ့…
ငှက်ကလေးတွေ သီချင်းဆိုနေတာတောင်မှ ကြားယောင်မိ…''ဟာ…P' ''
မျက်နှာချင်းဆိုင်က ပြေးလာတဲ့လူရဲ့အသံအိ…
ဘာကြီးလဲ…လမ်းထောင့်ကို ကွေ့လိုက်ရုံပဲရှိသေးတယ်
တွေ့လိုက်မိတာက ဟို…min…အဲ…mingဆိုတဲ့
ကောင်လေး…မနက်စောစောစီးစီးဗျာ
ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်းသာယာနေတဲ့
ကိစ္စကို…
သူနဲ့တွေ့ရတယ်လို့တွေ့ရုံနဲ့လည်းပြီးသေးတာမဟုတ်ဘူး
ကျွန်တော့်နောက်ကနေ လိုက်ပြေးသေးတယ်
ဘာလိုက်လုပ်မှန်းမသိ…''P'က အပြေးလေ့ကျင့်နေတာလား''
''အင်း…''
စကားက သိပ်ပြောချင်စိတ်မရှိ
ခုဏက သာယာနေစိတ်လေးတောင် အခုပျောက်နေသလိုပဲ။''P'ရဲ့ အမ မပါဘူးလား''
ပါစရာလား…
မငယ် အိပ်ယာမထတာတောင် ကောင်းတယ်ထင်မိလာပြီ
မဟုတ်ရင် ဒင်းလိုက်ကြောင်တာ ခံနေရဦးမယ်''ငါတယောက်တည်းပဲရှိတာ မမြင်ဘူးလား''
စိတ်က မကြည်တော့ဘူးနော်…
မနက်ကတည်းက စစိတ်တိုနေရပြီ''အဲ့တာပိုကောင်းတာပေါ့''
''ဘာ…!??''
''ကျွန်တော် P'နဲ့ လွတ်လွတ်လပ်လပ်စကားပြောလို့ရတယ်လေ''
ဘာစကားပါလိမ့်…
P'နဲ့တဲ့???
ဘာမှမဟုတ်ဘူး…
လူကို အလကားစိတ်အနှောက်အယှက်ဖြစ်အောင် တမင်လိုက်ပြောနေတာ
YOU ARE READING
Fall in love with my sister's crush!!!(MingKit)
Fanfiction'ကျွန်တော် P'ကို ချစ်နေလို့...'...တဲ့... ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော် ဒီလောက် အံ့သြမိမှာမဟုတ်ပါဘူး...ဒါပေမယ့် အဲ့ကောင်လေးက...!! ကျွန်တော့်အမကို ကြိုက်နေတာမဟုတ်ဘူးလား?? {ဘာသာပြန်မဟုတ်သလို season2မဟုတ်ပါ စိတ်ကူးယဉ်fictionသာ ဖြစ်သည်} 'ကျွန်တော် P...