Fall in L💜ve with my sister's crush!!!

4K 340 5
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-6

အဝါရောင်နှင်းဆီပန်းတစ်စည်းကို ကမ်းပေးရင်း ကျွန်တော့်ကိုပြုံးကြည့်နေတဲ့ဟိုကောင်လေး…

ဒီကို ဘယ်လိုလုပ်ပြီးရောက်လာရတာလဲ??
ရောက်လာစရာအကြောင်းမှမရှိတာ…
ကားနဲ့နောက်ယောင်ခံလိုက်လာတာလား…
အခုကကော ပန်းစည်းကြီးလာပေးပြီး ဘာလုပ်ချင်ပြန်ပြီလဲမသိဘူး…

သူပန်းစည်းဝယ်အပြီးမှာ မငယ်ကိုမတွေ့တော့လို့များ ကျွန်တော့်ကို ဝင်ရောနေတာများလား…

''မယူဘူးလား P'…''

''ဘာကိစ္စနဲ့ယူရမှာလဲ…''
ကျွန်တော်တစ်ခါတည်းအပြတ်ပြောပြီး ထထွက်ခဲ့တယ်

ဘယ်လိုကြီးလဲဗျာ…
ကျွန်တော့်မွေးနေ့ကြီးမှာ သူနဲ့လာတွေ့နေရတယ်
လို့
ခုဏကလေးတင် တစ်ယောက်တည်းအေးချမ်းနေတာကို…

သပ်သပ်များလိုက်ကပ်နေတာလား…
ဒီလိုလုပ်နေရုံနဲ့ ကျွန်တော့်မငယ်နဲ့ သဘောတူမယ်
ထင်နေတာလား…ဟွန့်…ဝေးသေး…

လျှောက်လာရင်းနဲ့ ဘုရားဝန်းတစ်ပတ်လောက်
ရောက်တော့…
ဟင်!!!!
လိုက်လာသေးတယ်ဟ…

လှည့်ကြည့်မိပေလို့ပေါ့
ကျွန်တော့်နောက်ကနေ ပန်းစည်းကြီး ပိုက်ပြီးတော့ကိုလိုက်လာတာ…
အချို့ဘုရားဖူးတွေဆို ကွက်ကြည့်၊ကွက်ကြည့်နဲ့
မသိရင်ပဲ…ဟင်းနော်…

''မင်းကဘာလို့လိုက်လာတာလဲ''
ကျွန်တော် စိတ်တိုတိုနဲ့လှည့်မေးမိတော့

''P'ကို ပန်းစည်းပေးမလို့လေ''

''ငါမယူဘူးလို့ပြောထားတယ်မဟုတ်လား''

''အဲ့တာဆိုရင် ဘယ်လိုလုပ်မလဲ…''

''ဘာ…''

''ဒီပန်းစည်းက P'ကို ပေးဖို့အတွက်ပဲ ဝယ်လာတာလေ…P'မယူရင် ကျွန်တော်က ဘာလုပ်ရမှာလဲ''

''လွှင့်ပစ်လိုက်ပါလား…''

''ဒါက လွှင့်ပစ်ဖို့မှမဟုတ်တာ P'ရဲ့…P'ကို ပေးဖို့ပါပဲဆိုနေ''

ကြည့်…
ရုပ်ကိုက ပြီတီတီနဲ့
စကားကိုက ပြောတတ်နေတာ…
ပန်းစည်းအလကားဖြစ်မှာစိုးလို့ ကျွန်တော့်လာဖား
နေတဲ့ရုပ်နဲ့…

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now