For SmileAngle7
(သဘောကျမယ်လို့မျှော်လင့်ပါတယ်...♡♡)
OTP-XiuBaek
စကားလုံး၃လုံး...ဆုံတွေ့ချိန်၃မိနစ်..၃စက္ကန့်ကြာအနမ်း...မင်းနဲ့အတူရှိခဲ့တဲ့၃ပတ်...ခွဲခွာခဲ့ရတဲ့ ၃နှစ်... မင်းအချစ်တွေက ဘယ်ဆီဘယ်ဝယ်မသိပေမယ့် ကိုယ့်အတွက်တော့ သိပ်လေးနက်ခဲ့တယ်... အခု...မင်းဘယ်ဆီမှာ....
Seoulမြို့ကြီးရဲ့ ဆောင်းရာသီကတော့ စတင်လို့လာပါပြီ...နှင်းတွေတော့ မကျသေးပေမယ့် အအေးဓာတ်ကတော့ သိသိသာသာကို ပိုလာခဲ့ပါတယ်။
ဘယ်လောက်ပဲအေးနေပါစေ...အေးဖို့အတွက် အချိန်မရှိဘဲ အလုပ်တွေကို မနားမနေလုပ်နေသူတစ်ဦးလည်း ရှိပါသေးတယ်။ သူကတော့X Electronic Company ရဲ့ CEO Kim Min Seokပါပဲ။ သူ့ကို..လူတွေက စက်ရုပ်အဖြစ်တင်စားကြပါတယ်။ အချစ်လည်း မရှိ...ပျော်ရွှင်မှုလည်း မရှိ... မိသားစုလည်း မရှိ... အပြုံးအရယ်လည်း မရှိတဲ့ဘဝမှာ သူဘယ်လိုများနေနိုင်လည်း ဆိုတာကို လူတိုင်းက အံ့ဩကြရပါတယ်။ ဒီထက်ပိုဆိုးတာက သူ့မှာ အချိန်လည်း မရှိပါဘူး။
သူ့လက်ထဲမှာအမြဲတမ်းပါတာက လက်ပတ်နာရီရယ်...အိတ်ထဲမှာက အချိန်မှတ်နာရီရယ်ပါ။ သူလုပ်သမျှအလုပ်တိုင်းကို အချိန်နဲ့မှတ်ထားလေ့ရှိပြီး..သူ့အလုပ်ပြီးမြောက်မယ့် အချိန်ကို အမြဲတမ်းခန့်မှန်းနေလေ့ရှိသူပါ။ ပြီးတော့...တစ်ခုထူးခြားတာက သူ့မှာ အချစ်ရေး၊ လူမှုရေး၊ နောက်ကြောင်း... ဘာဆိုဘာမှ အရှုပ်အထွေးမရှိသလို... အားနည်းချက်လည်း လုံးဝမရှိတာပါ။သူ့မှာကောင်းတဲ့ အချက်ဆိုလို့ အဲ့ဒါရယ်..ချမ်းသာတာရယ်..အဲဒါပဲ ရှိတာပါ။
ဒါပေမယ့်... သူက ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးသူ မဟုတ်သေးပါဘူး။ တကယ့်ကံအဆိုးဆုံးသူက သူ့ကိုချစ်မိတဲ့သူပါ... ဟုတ်ပါတယ်..အဲဒီ အကြောင်းလေးကို အခုစပြောတော့မှာပါ။
BBH***
ကျွန်တော့နာမည်က Byun Baekhyunပါ... ကျွန်တော်က BB Cosmetic Companyရဲ့ ဆက်ခံသူ တစ်ဦးတည်းသော သားလေးပါ။ ကျွန်တော့အသက်ကတော့ ဆယ့်ရှစ်နှစ်ဗျ.. ကျွန်တော်အထက်တန်းပြီးတော့ မိဘတွေက ကျွန်တော့ကို နိုင်ငံခြားကျောင်းမှာ ထားပေမယ်ပြောကြပေမယ့် ကျွန်တော်ကတော့ ဒီမှာပဲတွယ်ကပ်ပြီးနေနေတယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့ရဲ့ နေရောင်ခြည်လေး ရှိနေလို့ပါပဲ။