ချစ်သူများအဖြစ်သို့ကူးပြောင်းသွားသော အကြင်လူသားနှစ်ယောက်သည် နေ့စဉ်နေ့တိုင်း အတူရှိခဲ့ကြသည်။ အတူရယ်မောခဲ့ကြသည်။ တစ်ယောက်သည်လည်း တစ်ယောက်၏ အပိုင်ဖြစ်ခဲ့သည်။ သံယောဇဉ်သည်လည်း မြဲသထက်မြဲမြံခဲ့ကြလေသည်။
နန်းတော်ကြီးကနေ အရာရှိParkထွက်ခွာလာသည်မှာ ငါးနှစ်ပြည့်မြောက်ပြီးနောက်မှာတော့ နန်းတွင်းတွင် ပြဿနာတစ်ခုဖြစ်ပွားတော့သည်။
နတ်ဆရာကြီးခေါ်လိုက်သော နတ်ဆိုးကြောင့် နန်းတွင်းသူအများအပြားသေဆုံးကုန်ခြင်းဖြစ်လေသည်။ ဤကိစ္စနှင့်ပတ်သတ်၍ မင်းကြီးက နတ်ဆရာကြီးကိုခေါ်မေးလေတော့သည်။
"ဒီကိစ္စဘယ်လိုဖြစ်တာလဲ?"
"မှန်လှပါ။ တောနက်ထဲက မိစ္ဆာကလေးက နန်းတော်ထဲအထိ လာသောင်းကျန်းသွားပါကြောင်း..."
"အဲဒီမိစ္ဆာ အခုထိမသေသေးဘူးလား! မိုက်ရိုင်းလိုက်တာ! ရာရာစစ... ငါနန်းတော်အထိလာရဲတယ်ပေါ့လေ။ နတ်ဆရာကြီး!"
"မှန်လှပါ အရှင်။"
"မင်းကိုယ်တိုင်ဦးဆောင်ပြီး ဒီမိစ္ဆာလေးကို နှိမ်နင်းပေးစမ်း။ ရဲမက်တွေကို မင်းလိုသလောက် ခေါ်သွားခွင့်ရှိတယ်။"
"အမိန့်အတိုင်းပါမင်းကြီး။ ကျွန်တော် ဆောင်ရွက်ပါ့မယ်။"
..... မင်းစွမ်းအားတွေကို အကုန်စုပ်ယူပစ်ရမယ်....
ဤသို့ဖြင့် နတ်ဆရာကြီးသည် ထိုတောနက်ဘက်သို့ ရဲမက်အနည်းငယ်နှင့် ခရီးနှင်လာခဲ့လေတော့သည်။
ထိုအချိန်တွင် တောကြီးထဲမှာတော့ ချစ်သူနှစ်ဦး ကြည်နူးနေကြလေသည်။
"ဖြစ်နိုင်ရင် ဒီအခိုက်အတန့်လေးကို သိမ်းထားချင်မိတယ်။"
Chenက အရာရှိParkရင်ခွင်ကိုမှီထားကာ လှဲနေရင်း ပြောလာလေသည်။
"ဘာလို့လဲ? ကိုယ်တို့အမြဲအတူရှိနေမှာပဲကို။"အပြင်မှာပြောမထွက်ခဲ့ပေမယ့် Chenစိတ်ထဲရေရွတ်နေမိတာက...
....ခင်ဗျားကိုဆုံးရှုံးရတော့မလို ခံစားနေရတယ်Yeolရယ်....
နှစ်ရက်ခန့်ကြာသော်-
Chenတို့နှစ်ဦး ချောက်ကမ်းပါးထိပ်ကို သွားကြလေသည်။ ကမ်းပါးအနားတွင်ပေါက်နေသော အပင်အနည်းငယ်ကိုခူးပြီးနောက် ကမ်းပါးထိပ်တွင် ခြေကိုတွဲလောင်းချကာထိုင်နေကြလေသည်။