ဒီလိုနဲ့ပဲ ရက်ရှည်ပိတ်ရက်ကို ရောက်ရှိလာခဲ့လေသည်။
Baekတစ်ယောက် အိပ်ခန်းထဲကို သန့်ရှင်းပြီးလို့ ဧည့်ခန်းဘက်ကိုထွက်လာလိုက်တော့ အဝတ်စနဲ့အုပ်ထားတဲ့ စန္ဒယားဟောင်း တစ်လုံးကိုတွေ့လိုက်ရလေသည်။"ငါဒါကိုအရင်က ဘာလို့မတွေ့မိတာပါလိမ့်?"
အဝတ်စအဖြူကိုဆွဲဖယ်လိုက်တော့ စန္ဒယား၏အရောင်က နက်ပြောင်လို့နေတာကို တွေ့လိုက်ရလေသည်။ စန္ဒယားအဟောင်းတစ်ခုဟာ ဒီလောက်အထိ သန့်ရှင်းနေလိမ့်မယ်ဟု Baekမထင်ထားခဲ့ပါ။ ခလုတ်ခုံများကို လက်နှင့်ဆော့ကစားလိုက်ရင်း ငယ်စဉ်က သူ့အစ်ကိုသင်ပေးထားသော သီချင်းတစ်ပုဒ်ကို Baekတီးခတ်လိုက်မိလေသည်။ သူ့စိတ်ထဲတွင်လည်း သူ့အစ်ကိုကို လွမ်းဆွတ်နေမိလေသည်။ သူ့အစ်ကိုဆီသွားချင်သော်လည်း သူ့ဘဝက ဝရမ်းပြေးလိုဖြစ်နေတာကြောင့် အခွင့်မသာခဲ့ပါ။
ထိုနေ့ည...
Baekအိပ်နေစဉ် စန္ဒယားသံလိုလိုကြားရလေသည်။ ထကြည့်လိုက်မိတော့ အလိုလိုတီးခတ်နေသည့်စန္ဒယားကို တွေ့လိုက်ရပြီးသည့်နောက် Baekကြောက်လန့်တကြား အော်လိုက်မိလေသည်။ ထို့နောက် ချွေးများရွှဲနစ်စွာဖြင့် အိပ်ရာမှနိုးထလာခဲ့လေသည်။ နာရီကိုကြည့်လိုက်မိတော့ သုံးနာရီဆယ့်ငါး....
ထိုအချိန်တွင်...🎵🎶🎶🎶🎵🎶🎶🎶
စန္ဒယားသံတချို့ကို Baekတကယ်ကြားလိုက်ရပါသည်။ ကြောက်လန့်နေသည့်ကြားက ဧည့်ခန်းဘက်ကိုသွားကြည့်လိုက်မိလေတော့ Baekရောက်လာသည့်အချိန်မှာပဲ စန္ဒယားသံလည်း တိတ်သွားပြီး ဘာကိုမှ Baekမတွေ့လိုက်ပါ။
နောက်တစ်နေ့...
Baekစာအုပ်ဖတ်နေတုန်း တံခါးခေါက်သံကြားလိုက်ရလေသည်။ တံခါးကိုဖွင့်လိုက်တော့ Jong Daeဖြစ်နေလေသည်။
"Boss!"
"ငါဒီနေ့အိမ်မပြန်ဖြစ်တော့ဘူးထင်တယ်။ ဒီပိတ်ရက်အတွင်း မင်းနဲ့လာနေလို့ရမလား?"
Jong Dae၏ စကားအဆုံးBaekမျက်နှာအနည်းငယ် နီမြန်းသွားခဲ့လေသည်။
"ဟုတ်ကဲ့..ရပါတယ်။ ကျွန်တော်အိပ်ရာပြင်ထားလိုက်မယ် Boss.."
"ရတယ်။ ငါ့ဘာသာလုပ်လိုက်မယ်။ မင်းသရဲတွေဘာတွေအခြောက်ခံရသေးလား?"