Boy Friend, ep-4

35 5 0
                                    

ထိုနေ့ညနေ-

Barတစ်ခုတွင် Kaiတစ်ယောက်တည်း ထိုင်နေမိလေသည်။ အရက်ပြင်းပြင်းဘယ်နခွက်ကို သူသောက်ပြီးပြီမှန်းမသိ။ သူ့အသိစိတ်တို့သည်လည်း ကင်းလွတ်လုနီးပါး ဖြစ်လို့နေလေပြီ။ ကားDriverကို မခေါ်ထားလိုက်မိလေခြင်းဟု သူတွေးမိကာ ဖုန်းကို ကိုင်လိုက်စဉ်မှာပဲ သူထိုင်ခုံပေါ်မှ ယိုင်ကျကာ ကြမ်းပြင်ပေါ်သို့လဲကျသွားလေတော့သည်။ ထိုအချိန်တွင် သူ့ကို တစ်စုံတစ်ယောက်ကဆွဲထူလိုက်လေသည်။

''Kai-shi အဆင်ပြေရဲ့လား?''

မိန်းကလေးတစ်ယောက်၏ အသံဖြစ်ပြီး ထိုအသံကို သူကြားဖူးနေပေမယ့် ဘယ်သူမှန်းသူမသိ။ စဉ်းစားဖို့ထက် သူ့ကိုယ်သူပင် မနည်းထိန်းကျောင်းနေရသည်မို့ ထိုမိန်းကလေး ဆွဲခေါ်ရာနောက်ကိုသာ လိုက်သွားမိလေသည်။ ခဏအကြာတွင်တော့ သူသည် နူးညံ့သော တစ်စုံတစ်ခုပေါ်သို့လဲကျသွားလေသည်။ သူတွေးမိသည်။ ဤအရာသည် မွေ့ရာ ဖြစ်ပေလိမ့်မည်။ သို့သော် သူ့အဝတ်တို့ကို လာရောက်ဖယ်ရှားသော လက်တစ်စုံကြောင့် သူအလန့်တကြား ရုန်းကန်ကာ ထိုလက်ကိုဖယ်ထုတ်လိုက်မိလေသည်။

''မင်း ဘယ်သူလဲ?''

ထိုလက်တို့သည် သူ့ခန္ဓာကိုယ်ပေါ်သို့တဖန် ကျူးကျော်လာပြန်သည်။ ထိုလက်ကိုသူဖမ်ကိုင်လိုက်သော သွယ်လျကာနူးညံ့နေတာကြောင့် မိန်းကလေးတစ်ယောက်မှန်း သူသိလိုက်ရလေသည်။ ထိုလက်ပိုင်ရှင်သည် အရှက်အကြောက်မရှိစွာပင် Kai၏ရင်ခွင်ထဲသို့ တိုးဝင်လာတော့သည်။ ထိုမိန်းကလေးကို Kaiတွန်းထုတ်လိုက်ပြန်သည်။ တစ်ဖက်သားသည် မိန်းမသားဖြစ်တာကြောင့် သူအားမသုံးချင်။ သူ့အာရုံတို့ကိုလည်း လွတ်ထွက်မသွားအောင် မနည်းထိန်းချုပ်နေရသည်မို့ သူတစ်ယောက်ယောက်ကို အကူအညီတောင်းမှ ဖြစ်တော့မည်ဖြစ်ကြောင်း သူတွေးလိုက်မိလေသည်။ ထို့ကြောင့် သူ့ဖုန်းကို သူအသည်းအသန်လိုက်ရှာမိလေသည်။ ထို့နောက် သူခေါ်ဆိုလိုက်တာက အမြဲအလွတ်ရနေသော နံပါတ်တစ်ခု။

''Kai...''

''Sehunငါ...''

Kaiစကားကိုဆုံးအောင်မပြောလိုက်ရခင်မှာပဲ ထိုဖုန်းသည် လုယူခြင်းခံလိုက်ရလေသည်။

Short Fictions For You♡♡Where stories live. Discover now