LIAR, Episode-2

80 13 2
                                    

Updateက အရမ်းကိုကြာသွားတဲ့အတွက် လိပ်ပြာတောင်းပန်ပါတယ်နော်။ လိပ်ပြာအရမ်းနေမကောင်းဖြစ်သွားလို့ပါ။ အစက တုတ်ကွေးဖြစ်တာ... လူကအားနည်းတဲ့အပြင် အစာအိမ်ရောဂါအခံကလည်းရှိထားတော့ အစာအိမ်ပါနာသွားလိုပါ။ လိပ်ပြာFicရေးဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် ဖုန်းတောင်မကိုင်နိုင်ဘူး။အဖတ်လည်းလုံးဝစားလို့မရ...စားရင်လည်းအကုန်ပြန်အန်တာရယ်.. လိပ်ပြာကိုယ့်ကိုယ်ကို သေတော့မှာလား လိုတောင်တွေးမိတာ။ အစာအိမ်ခဏခဏနာဖူးပေမယ့် တစ်ခါမှဒီလောက်မနာဖူးဘူးရယ်... အဲဒါကြောင့် အကြာကြီး နားပစ်လိုက်ရတာပါ။ တကယ့်ကိုမတတ်နိုင်လို့ပါလို့... လိပ်ပြာတကယ်တောင်းပန်ပါတယ်နော်... 😢
Oohsehun_912ကိုလည်း အရမ်းအားနာပါတယ်​...😔😔😔 ပြီး​တော့ လိပ်​ပြာကိုfic​တောင်းဆိုထားတဲ့သူ​တွေထဲမှာ အ​ဆောင်​ဝင်​ရမယ့်​သူ​တွေ မအား​တော့မယ့်​သူ​တွေရှိရင်​ ကြို​ပြောပါ​နော်​.. လိပ်​ပြာ အရင်​​ရေး​ပေးပါ့မယ်​... ပြီး​တော့ ၁၀တန်း​ဖြေထားတဲ့reader-nimတို့ ကံ​ကောင်းကြပါ​စေ​နော်​...😘😘😘

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ညနေရောက်သော်... ဆိုင်လေးကိုပိတ်ပြီး အိမ်သို့ပြန်လာခဲ့လေသည်။ Jong Dae၏အိမ်လေးသည် ရှေးခေတ်ကိုရီးယားရိုးရာအိမ်လေးဖြစ်သည်။ ခြံတံခါးလေးကိုဖွင့်ပြီး ဝင်လာတော့ ခြံထဲတွင် ပန်းပင်ရေလောင်းနေသော အဖွားဖြစ်သူကိုတွေ့ရလေသည်။ အဖွားသည် အခြားကိုရီးယားသက်ကြီးရွယ်အိုများကဲ့သို့ပင် အင်္ကျီဘောင်းဘီပွပွကိုဝတ်ဆင်ထားပြီး ခမောက်လေးကိုဆောင်းထားလေသည်။ ပါးစပ်ကလည်း သီချင်းလေးတညည်းညည်းနှင့် သိပ်ပြီးချစ်စရာကောင်းလှသည်။

"အဖွား...ကျွန်တော်အိမ်ပြန်ရောက်ပါပြီ။"

Jong Daeကိုလည်းမြင်ရော အဖွားက လက်ထဲကရေပိုက်လေးကိုချကာ Jong Dae၏ စက်ဘီလေးကိုလာကူတွန်းပေးလေသည်။

"ဒီနေ့အရာရာအဆင်ပြေရဲ့လား..ငါ့မြေးလေး။"

အဖွား၏အသံက နူးညံ့ပြီးသိပ်ချစ်ဖို့ကောင်းသည်။ Jong Daeက ရယ်လိုက်ရင်း-

"အားလုံးအဆင်ပြေပါတယ်အဖွားရ... စိတ်မပူပါနဲ့။"

ဟုပြန်ဖြေလေသည်။ Jong Daeမှာ ခင်တွယ်စရာမိသားစုဝင်ဆိုလို့ အဖွားတစ်ယောက်သာရှိတော့သည်။ Jong Daeအသက်၈နှစ်...မိဘများမရှိတော့သည့်နောက် သူ့အဖွားကပဲ ဈေးထဲမှာဟင်းရွက်တွေရောင်းကာ သူ့ကိုလူလားမြောက်သည်အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တာဖြစ်သည်။ ကြင်နာတတ်သောအဖွား၏လက်ထဲတွင် ကြီးပြင်းခဲ့ရသဖြင့် Jong Daeသည် လူကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။ အဖွားက-

Short Fictions For You♡♡Where stories live. Discover now