တိုက်ခန်း၏ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်ပြီး တိုက်ခန်းတံခါးကို Baekဖွင့်လိုက်လေသည်။ တိုက်ခန်းထဲဝင်လိုက်ပြီး မီးဖွင့်လိုက်တော့ အဝတ်ဖြူနှင့်အုပ်ထားသော ပရိဘောဂအများအပြားကိုတွေ့လိုက်ရလေသည်။ သို့ပေမယ့် အိပ်ခန်းဘက်ကိုသာ ဦးတည်လိုက်ပြီး အထုပ်အပိုးများကိုတော့ ဧည့်ခန်းတွင်ချန်ထားခဲ့လိုက်လေသည်။ အိပ်ခန်းထဲရောက်သော် ကုတင်ပေါ်တွင် လွှားထားသော အဝတ်ကိုဆွဲဖယ်လိုက်သောအခါ စပရင်မွေ့ယာကြီးကိုမြင်လိုက်ရလေသည်။
"မွေ့ယာက တော်တော်ကောင်းတာပဲ။ ငါလည်း ကောင်းကောင်းမွန်မွန်မနေရတာကြာပြီပဲ။"
Baekတစ်ယောက်တည်းရေရွတ်လိုက်ပြီးသည့်နောက် အိပ်ရာပေါ်လှဲလိုက်လေသည်။ အိမ်ပြောင်းရသည့်အတွက်ပိုပင်ပန်းတာကြောင့် Baekချက်ချင်းအိပ်ပျော်သွားလေတော့သည်။
မနက် အလင်းရောင်ကြောင့် Baekအိပ်ရာမှ ထလာခဲ့လေသည်။"နေပါအုံး...ညက ငါပြူတင်းပေါက်မဖွင့်ထားပါဘူး။"
သို့ပေမယ့် လေတိုက်လို့ပွင့်သွားတာ ဖြစ်မှာပါလေလို့တွေးပြီး ပြူတင်းပေါက်ကို ပြန်ပိတ်လိုက်လေသည်။ ထို့နောက် အဝတ်အစားလဲပြီး အလုပ်သို့ထွက်လာခဲ့လေတော့သည်။
ကုမ္ပဏီတွင်-
"ဘယ်လိုလဲ? နေရတာအဆင်ပြေရဲ့လား? သရဲအခြောက်ခံရသေးလား?"
Jong Daeက စိတ်ဝင်တစားမေးလာတာကြောင့် Baekပြုံးလိုက်မိသည်။
"အခြောက်မခံရပါဘူး Bossရဲ့။ အခန်းကလည်း ဘာမှသိပ်ရှင်းဖို့မလိုတော့ အလုပ်ကအပြန် နည်းနည်းစီဖဲ့ရှင်းသွားလိုက်ရင် ပိတ်ရက်ရောက်ရင်တောင် ကောင်းကောင်း အနားယူလို့ရပြီ။"
ထိုအလွယ်တကူစိတ်မပျက်တတ်သော အပြုံးလေးကို Daeသဘောကျမိလေသည်။
သူ့မျက်လုံးလေးတွေ... နှုတ်ခမ်းပါးလေး... ကြည်လင်ဖြူဖွေးနေသည့်အသားအရည်တို့ကို Jong Daeကြည့်နေရင်း ထိုကောင်လေး၏ ချစ်စရာပုံစံလေးတွင် နစ်မြောသွားမိလေသည်။
"Boss! Boss!"
ထိုကောင်လေးခေါ်သံကို Jong Daeတော်တောနှင့်မကြားမိ။ သုံးခေါက်လောက် ခေါ်လိုက်တော့မှ ပြန်ထူးလာလေသည်။