Boy Friend,ep-2

38 4 0
                                    

Dream cafèတွင်-

Sehunက သူ့ကောင်မလေးနှင့် Kaiကို မိတ်ဆက်ပေးလေသည်။

"Minaပါ။"

"Kaiပါ။ တွေ့ရတာဝမ်းသာပါတယ်။"

Minaသည် မူယာမာယာပိုစွာ ပြုံးပြလာလေသည်။ ထို့နောက် သူမအကြည့်တို့သည် Kaiဆီမှမခွာတော့။

မရှက်မကြောက် အကြည့်ခံရဖန်များလာသောအခါတွင်တော့ Kaiသည် နေရခက်လာလေတော့သည်။ မိန်းကလေးဘက်က ကြည့်နေသည်မို့ အားနာစွာ မသိချင်ယောင်ဆောင်နေမိသော်လည်း အချိန်ကြာလာသည်နှင့် သည်းခံနိုင်စွမ်းသည် တစ်စပြီးတစ်စလျော့နည်းလာရလေသည်။

ထို့ကြောင့် ထိုစကားဝိုင်းကို အမြန်အဆုံးသတ်ရန်ကြိုးစားမိလေတော့သည်။

"ငါသွားစရာရှိသေးလို့။ နောက်တစ်ခါမှ အေးဆေးတွေ့ကြတာပေါ့။ ခွင့်ပြုပါအုံး။"

Minaနှင့် Sehunကို နှုတ်ဆက်ကာ ထိုနေရာမှ Kaiအမြန်ဆုံးထွက်ခွာလာခဲ့လေသည်။ သူ့စိတ်ထဲတွင်တော့ Minaကို လုံးဝသဘောမကျနိုင်ဘဲ ရှိနေလေသည်။

....ငါ Sehunကို ပြောလိုက်သင့်လား? ဒါပေမယ့်... သူယုံမှာမှမဟုတ်တော့တာ။ ပြီးတော့ ငါ့စိတ်ထင်နေတာပဲ ဖြစ်မှာပါလေ....

Kaiထွက်သွားသည်နှင့် Minaက Sehunကို စမေးတော့သည်။

"ကိုကို... ကိုကို့သူငယ်ချင်းက စကားနည်းတယ်နော်။ ဘယ်လိုလူစားမျိုးပါလိမ့်။"

"Minaက ဘာလို့သိချင်တာလဲ?"

Sehunက ကော်ဖီခွက်နှုတ်ခမ်းတစ်လျှောက်ကို လက်ချောင်းထိပ်နှင့်အသာထောက်ကာ ဝိုက်လိုက်ရင်း မေးလာလေသည်။

"ကိုကို့သူငယ်ချင်းဆိုတော့ ကပ်ပေါင်းထားရမှာပေါ့။ ဒါမှ ကိုကို့အကြောင်းတွေ ပိုသိရမယ်လေ။"

Minaက ခပ်ချွဲချွဲအသံလေးနှင့်ပြောလိုက်လေတော့ Sehunက ရယ်လိုက်ရင်း ပြန်ပြောလာလေသည်။

"ဟုတ်ပါပြီ။ သူက ကိုကို့အချစ်ဆုံးသူငယ်ချင်းပဲ။ သူက KJI groupရဲ့ ဆက်ခံသူလေ။ ပြီးတော့ ကိုယ်တို့groupမှာလည်း ရှယ်ယာတော်တော်များများ ပိုင်တယ်။"

ထိုစကားကိုကြားပြီးသည်နှင့် Minaမျက်ဝန်းတို့ အရောင်တဖျတ်ဖျတ်လက်သွားတော့သည်။ Kaiသည် Sehunထက် ပိုချမ်းသာကြောင်းသိပြီးသည့်နောက်မှာတော့ Sehunထပ်ပြောလာသမျှစကားတစ်လုံးမှ Minaမကြားတော့။ Minaလှပစွာပြုံးလိုက်ကာ Sehunကိုပြောလိုက်ပြန်သည်။

Short Fictions For You♡♡Tempat cerita menjadi hidup. Temukan sekarang