OTP-DaeBaek, ByunDae
For-Kanta-Zenki , exo-nctOTP-DaeBaek
ကျွန်တော့ကိုမမှတ်မိတော့ဘူးလား... ကျွန်တော်ဟာ ခင်ဗျားရဲ့ အချစ်ဦးလေ...
ဒီနေ့ဟာ နှင်းတွေတဖွဲဖွဲကျနေတဲ့နေ့လေးပေါ့။ အထက်တန်းကျောင်းလေးတစ်ခုမှာလည်း စန္ဒယားပြိုင်ပွဲလုပ်တဲ့နေ့လေးပေါ့။ အဲဒီပြိုင်ပွဲကို ကောင်လေးတစ်ယောက်လည်း ဝင်ပြိုင်ပါတယ်။ သူကတော့ ဘာလုပ်လုပ် နှေးကွေးပြီး စိတ်ဓာတ်ကျလွယ်တဲ့သူ...
ဘာပဲလုပ်လုပ်အမြဲတမ်းရှုံးနိမ့်နေတတ်တဲ့ ကောင်လေးပေါ့... သူ့နာမည်က Kim Jong Dae... ပြိုင်ပွဲလေးမှာ သူဖြစ်နေကြအတိုင်းပဲ နောက်ဆုံးရပြီး ရှုံးနိမ့်ခဲ့ပါတယ်။
တခြားပြိုင်ပွဲဝင်တွေကို ပန်းစည်းတွေပေးလို့ ဂုဏ်ပြုနေကြပေမယ့် သူ့လိုအရှုံးသမားလေးကိုတော့ တစ်ယောက်မှမနှစ်သိမ့်ခဲ့ကြပါဘူး။ ပြီးတော့ သူကမိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရတဲ့ တစ်ကောင်ကြွက်လေးမို့လည်းပါတာပေါ့လေ။ ဂေဟာမှာလည်း ခပ်ကုပ်ကုပ် ခပ်အေးအေးနေတာကြောင့် သူ့ကိုဘယ်သူမှမခင်ချင်ကြပါဘူး။ အဲဒါကြောင့် စတိတ်စင်ရဲ့ထောင့်လေးမှာ ပွဲပြီးတဲ့အချိန်အထိ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ငုတ်တုတ်ထိုင်နေခဲ့ပါတယ်။
ဂေဟာပြန်ရောက်တဲ့အချိန် ဆရာမကြီးရဲ့ အပြစ်ပေးတာကိုခံယူဖို့ စိတ်ကိုပြင်ဆင်ရင်းပေါ့။
ဒါပေမယ့် သူ့ရှေ့ကိုတစ်စုံတစ်ယောက် ရောက်လာခဲ့ပါတယ်။ သူမော့ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ဖြစ်နေပါတယ်။ အဲဒီကောင်လေးရဲ့လက်ထဲမှာတော့ ပိုကီမွန်ထဲက ပီကာချူးရုပ်ကလေးကို ကိုင်ထားပါတယ်။ပီကာချူးရုပ်လေးကို Jong Daeဆီကို လက်နှစ်ဖက်နဲ့ကမ်းပေးလိုက်ပြီး သူ့ကိုပြုံးပြပါတယ်...သူ့အပြုံးတွေက Jong Daeတွေ့ဖူးသမျှထဲမှာ အတောက်ပဆုံးအပြုံးလေးတွေပါ...
အဲဒီအပြုံးလေးတွေကြား အချိန်ခဏလောက် သူနှစ်မြောသွားမိပါတယ်...သူ့ရင်ခုန်သံလေးတွေလည်း မြန်ဆန်လာခဲ့ပါတယ်...
"ခင်ဗျားအတွက်..."
အဲဒီကောင်လေးရဲ့ စကားကြောင့် Daeကြောင်သွားပါတယ်။