OTP-Xing dae
နောက်ဆုံးအပိုင်းကcommentတွေပျက်ကုန်လို့ ဘယ်သူ့mentionရမှန်းမသိတော့လို့ မmentionတော့ပါဘူးဗျ။ အဲဒါကြောင့် ခွင့်လွှတ်ပေးကြပါနော်။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
"မမ!!!!"
"ပြေးတော့ Daeလေး!!"
"မမ!!!!"
သူ့မမ၏နာမည်ကိုအော်ခေါ်ရင်း Daeအိပ်မက်မှ လန့်နိုးလာလေသည်။ သူ့အသက်၁၄နှစ်ကတည်းကဖြစ်ခဲ့သော ပြန်ပေးဆွဲမှုကို သူ့အသက်ဆယ့်ရှစ်ပြည့်ခါနီးသည့်တိုင် အမှတ်ရနေဆဲ။ ပြန်ပေးဆွဲမှုတွင် သူ့အစ်မဖြစ်သူ Kim Soo Ha သည် အသက်ဆုံးရှုံးခဲ့ရလေသည်။ Kim Soo Haသည် Dae၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်ပြီး Daeသိပ်ချစ်ရသောသူ၏ ချစ်သူလည်းဖြစ်ပေသည်။
"ဟင်း..."
သူသက်ပြင်းချလိုက်မိသည်။ ခြောက်နှစ်တိုင်တိုင် ဒီအိပ်မက်ဆိုးတွေကိုသူဆက်မက်နေဆဲ။ သူကြောက်မိသော်လည်း သူ့မှာခိုနားရာမရှိ။
နာရီကိုကြည့်လိုက်မိတော့ လေးနာရီကျော်ရှိပြီ။ သူကုတင်ပေါ်ကဆင်းလိုက်လေသည်။ အေးစက်သောကျောက်ပြားအထိအတွေ့ကြောင့် နူးညံ့သောခြေဖဝါးလေးသည် ထုံကျဉ်သွားလေတော့သည်။ နွမ်းလျနေသော ခန္ဓာကိုယ်လေးကို ကြိုးစားသယ်မကာ အခန်းအပြင်သို့ထွက်လာခဲ့လေသည်။ သူနေမကောင်းတာအခုနှင့်ဆိုငါးရက်ရှိပြီ။ သို့ပေမယ့် သူဆေးကုဖို့မဖြစ်နိုင်။ ဒီနှစ်တွေအတွင်း သူ့စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်လွန်း၍ သေချင်စိတ်တို့ပင်ပေါက်မိလေသည်။ သို့သော် သူ့အစ်မကိုယ်တိုင်အသက်ပေးကာကွယ်ခဲ့သော ဒီခန္ဓာကို စွန့်ခွာဖို့ရာမဖြစ်နိုင်ပါလေ။
မနက်စာချက်ပြုတ်ဖို့မီးဖိုချောင်ထဲကို Daeဝင်လာခဲ့လေသည်။ ရေခဲသေတ္တာကိုဖွင့်လိုက်တော့ မနေ့ကဝယ်လာသည့် ဟင်းချက်ဖွယ်ရာတို့က ရေခဲသေတ္တာထဲတွင် ပြည့်လုနီးပါး။ အသီးအရွက်တချို့ကို Daeထုတ်ယူလိုက်ပြီးနောက် ရေဆေးရန်ဘေစင်ထဲသို့ထည့်လိုက်စဉ် အနောက်ဘက်မှအသံတစ်ခုထွက်ပေါ်လာလေသည်။
"Dae... မီးဖိုချောင်ဝင်ဖို့မလိုပါဘူးလို့ပြောထားရက်နဲ့ကို။ နေမကောင်းဘူးမလား? အစ်ကိုလေးတွေ့ရင် စိတ်ဆိုးနေအုံးမယ်နော်။"