For WaiThae
"အား... စိတ်ရှုပ်လိုက်တာကွာ!!"
အရပ်မြင့်မြင့်နှင့် ကောင်လေးတစ်ယောက်၏ အသံဩရှရှက ဒယ်ယန်းအထက်တန်းကျောင်း၏ အားကစားရုံထဲမှဟိန်း၍ ထွက်လာလေသည်။
သူကတော့ အရင်လကမှ ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် Park Chanyeol...
အိမ်ပြောင်းရသည့်အတွက် ကျောင်းပါပြောင်းလာရသည်က Chanyeolအတွက်တော်တော်လေးဆိုးသည်။ ပတ်ဝန်းကျင်သည် လုံးဝအသစ်ဖြစ်နေရုံသာမက ပိုဆိုးသည်က ကျောင်းတွင်သူ့ကို ပြဿနာရှာနေသူတစ်ယောက်ရှိနေခြင်းဖြစ်လေသည်။
ကျောင်းစတက်သည်နေ့ကတည်းက သူဘာအမှားမှမလုပ်... ဘယ်သူနှင့်မှရန်မဖြစ်သော်လည်း ထိုကောင်လေးနှင့် မျက်နှာချင်းဆိုင်မိပြီးသည့်နောက် တစ်ချိန်လုံးပြဿနာအရှာခံနေရခြင်းဖြစ်လေသည်။
ထိုကောင်လေးဆိုသည်မှာ အခြားသူမဟုတ်။ ကျောင်းအုပ်ကြီး၏ မြေးဖြစ်သူ... ပြီးတော့... Chanyeolထက် နှစ်နှစ်ငယ်သော အလယ်တန်းနောက်ဆုံးနှစ်မှ Kim Jong Daeဆိုသော အသံခပ်ကျယ်ကျယ် လူကောင်သေးသေးကောင်လေးတစ်ယောက် ဖြစ်လေသည်။
ထိုကောင်လေးက သူ့ကိုလိုက်ချောက်တွန်းနေသည်မှာ စတွေ့ကတည်းက... အခုဖြစ်ပုံကိုလည်းကြည့်ပါလေ...
သူ့ကိုတောင်းပန်စရာရှိသည်ဟုဆိုကာ သူတစ်ခါမှမရောက်ဖူးသော ကျောင်း၏ ချောင်ကြိုချောင်ကြားနေရာသို့ခေါ်လာကာ ဖုန်းမြည်လာ၍ ဖုန်းသွားပြောပြီး ပြန်ပေါ်မလာတော့။
ထို့ကြောင့် သူ့မှာ အခန်းထဲသို့မနည်းပြန်ရောက်အောင် လာရပြီးသည့်နောက် အတန်ချိန်များလွတ်သွား၍ အားကစားရုံထဲတွင် သန့်ရှင်းရေးလုပ်ရန် အပြစ်ဒဏ်ပေးခံရခြင်းဖြစ်လေသည်။
သို့ပေမယ့် ထိုကောင်လေးက ထူးဆန်းသည်။ သူ့ကိုကျောင်းအားကစား...ပြိုင်ပွဲ..စသော လုပ်ဆောင်မှုများတွင်မတွေ့ရ။ ကျောင်းအုပ်၏မြေးဆိုပေမယ့် ကလေးတစ်ယောက်နှင့်မတူ။ သူ့ပုံစံက တစ်သမတ်တည်းမရှိ။ တစ်ခါတလေ သွက်လက်၍ တစ်ခါတလေ လူကြီးဆန်လွန်းသည်။ ထိုအကြောင်းအရင်းကိုတော့ Chanyeolမသိပေမယ့် ထိုကောင်လေးကို လုံးဝကြည့်မရတာတော့အမှန်....