For Oohsehun_912
သဘောကျမယ်လို့ မျှော်လင့်ပါတယ် 💗💗💗 အကြာကြီးစောင့်လိုက်ရလို့ စိတ်မဆိုးပါနဲ့နော်😘😘😘
OTP-ChenHun
ငါဟာ အချစ်ကိုလိမ်လည်နေတဲ့သူတစ်ယောက်ပါ ချစ်သူ... ငါကမကောင်းတဲ့သူမှန်ပေမယ့် မင်းရဲ့ခွင့်လွှတ်မှုကိုတော့ ရူးမိုက်စွာ မျှော်လင့်ခွင့် ရှိမလား....
"ဘာပေးမလဲ?"
ခွက်ထဲမှ အကောင်းစားအရက်ပြင်းပြင်းကို အရသာခံသောက်လိုက်ရင်း လေသံအေးအေးနှင့် သူမေးလိုက်သည်။ သူ့ရုပ်က အတော်လေးဖြောင့်သည်။ ထူထဲသော မျက်ခုံးတန်းတန်းတို့အောက်က စူးရှရှမျက်ဝန်းတစ်စုံက ငွေထက် ပျော်စရာအသစ်အဆန်းတို့ကို ပိုမက်မောပုံပေါ်လွင်စွာ တောက်ပနေသည်။ ရှူးဖိနပ်နှင့် ကြွေပြားခင်းထားသော ကြမ်းပြင်ကို တတောက်တောက်မည်အောင် ခြေဖျားနှင့်ဆတ်ခနဲဆတ်ခနဲခတ်နေရင်း တစ်ဘက်က အဖြေကိုစောင့်မျှော်နေလိုက်သည်။
"JC Hotel..."
အသက်၃၀ကျော်မိန်းမလှတစ်ဦး၏ နှုတ်ခမ်းနီရဲရဲမှ စိန်ခေါ်လိုက်လေသည်။
"အဟက်...မဆိုးပါဘူး။"
ခနဲ့သလိုပြောလိုက်ပေမယ့် သူ့ဘက်ကလက်ခံဖို့ ၁၀၀ရာခိုင်နှုန်းဆိုတာသေချာနေသည်။
တစ်ဘက်က မိန်းမက-
"မင်းဘက်က ဘာမှလုပ်ဖို့မလိုပါဘူး။ သူ့အချက်အလက်တွေအားလုံး ငါ့ဆီမှာရှိတယ်။ ဘယ်လိုလဲ? ယောက်ျားလေးတစ်ယောက်နဲ့ အလောင်းအစားက မင်းအတွက် ပထမဆုံးပဲမလား?"
ဟုပြောလာတော့ သူက-
"အင်း...စိတ်ဝင်စားစရာပဲ။"
ဟုပြန်ပြောလိုက်ရင်း ထိုမိန်းမပေးလိုက်သော ဖိုင်တွဲထဲက အချက်အလက် ဓာတ်ပုံတို့ကို ကြည့်နေလေသည်။
"ဘာမှလည်း မထူးခြားပါဘူး။ခင်ဗျားက ဘာလို့သူ့ကိုမှ လိုက်စေချင်တာလဲ? ကျွန်တော့ကိုပညာစမ်းတာလား?"
"ဒီလိုပဲ... သူနဲ့ငါနှစ်ယောက်ကြားက ကိစ္စလေးတွေကြောင့်ပါ။ သူနာကျင်တာကိုပဲ ငါမျှော်လင့်တာ...ငါဘယ်လိုခံစားရတယ်ဆိုတာ သူနားလည်အောင်လို့။"