Boy Friend, ep-1

77 6 0
                                    

For-Exo94Exo92

OTP-KaiHun

"ဟိတ်ကောင်Oh Sehun!"

အသံကြားလိုက်သည်နှင့် Sehunမျက်နှာချက်ချင်းမဲ့သွားလေတော့သည်။

"ကျစ်! လာရှုပ်ပြန်ပြီ။"

ကောင်မလေးကို ပန်းစည်းမြန်မြန်ပေးလိုက်ကာ သူမ ခါးကိုဖက်ထားလိုက်လေသည်။ ကောင်မလေးကလည်း ပြုံးရွှင်လျက် သူ့ပုခုံးပေါ် ခေါင်းလေးအသာမှီထားသည်။

ထိုအချိန်တွင် သူ့ရှေ့ကိုအပြေးတစ်ပိုင်းရောက်လာသူက ထိုအသံပိုင်ရှင် Kim Kai...

"Viviအန်နေလို့.."

Viviဆိုသော အသံကြားသည်နှင့် Sehunချက်ချင်း ပြာယာခတ်သွားကာ ကောင်မလေးကို ထားခဲ့ပြီး Kaiနောက် လိုက်လာခဲ့လေသည်။ သို့သော် လမ်းတစ်ဝက်ရောက်မှ သူပြန်စဉ်းစားမိသည်။

"ဟိတ်ကောင်.. မင်းငါ့ကိုလာနောက်နေတာမလား?"

ထိုအချိန်မှ Kaiက ရယ်ကာ ပြောလာလေသည်။

"အေး..ဟုတ်တယ်။"

"တောက်! မသာကောင်။"

Kaiအား ဆဲရေးလိုက်ကာ ကောင်မလေးဆီပြန်လာတော့ ထိုကောင်မလေးက နေရာမှာရှိမနေတော့။ ဤအခြေအနေကို Sehunကြုံတွေ့ရပေါင်းလည်း များခဲ့ပြီ။
သူချစ်သူတစ်ယောက်ရလျှင် Kaiကြောင့် အမြဲပြတ်သည်ချည်း။ နောက်ဆုံးတော့ သူဟာ ရည်းစားရှုပ်သူဟူသော အမည်နာမအပြင် ဘာမှမကျန်သလို singleဘဝကလည်း မကျွတ်။

Kaiပြဿနာအေးသွားအောင် သူ့ကိုရည်းစားမရရအောင်ကြံသော်လည်း သကောင့်သားက အရှောင်အတိမ်းကျွမ်းကာ FAရာထူးကို မြဲမြံအောင်ထိန်းထားသည်။ ထို့နောက် သူ့ကိုပါနှောင့်ယှက်သည်။

အကြောင်းအရင်းမေးလိုက်လျှင်လည်း ရေရေရာရာမပြောဘဲ ရယ်သာရယ်နေတာကြောင့် တစ်ခါတစ်ရံဖြတ်ရိုက်ချင်မိသည်အထိ။

မုန်းရအောင်လည်း ငယ်ကတည်းကပေါင်းလာသည့် အခင်ဆုံးသူငယ်ချင်းမို့ အမှန်အတိုင်းပြောရလျှင် ရည်းစားတွေနှင့် Kaiဆိုလျှင် Kaiကိုသာ သူအမြဲရွေးချယ်ဖြစ်ခဲ့သည်။

အခုလည်းကြည့်ပါလေ။ အချစ်တော်ခွေးလေး Viviကို ခုတုံးလုပ်ကာ ရည်းစားနောက်တစ်ယောက်နှင့်ထပ်ပြတ်ရန် အကြောင်းဖန်လိုက်သေးသည်။

Short Fictions For You♡♡Onde histórias criam vida. Descubra agora