Will You?

61 6 3
                                    

For Xingxingchargi

OTP- XingBaek

ကောင်လေးတစ်ယောက် Laptopရှေ့မှာထိုင်ရင်း စိတ်တွေလှုပ်ရှားနေမိလေသည်။ screenပေါ်ကာမြားလေးကို ခလုတ်တစ်ခုပေါ်ရောက်အောင်ဆွဲရင်း နှိပ်လိုက်တော့ ရလဒ်တစ်ခု ထွက်ပေါ်လာလေသည်။ Laptop screenလေးကို ကြည့်ရင်း သူ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်နှင့်အတူ ပါးချိုင့်လေးပါ ပေါ်ထွက်လာခဲ့လေသည်။

"အထဲဝင်လာခဲ့ကြပါနော်။"

"ဂုဏ်ယူပါတယ်ရှင်။ နောက်ဆုံးတော့ မမသားက တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်သွားပြီပေါ့။"

ခင်မင်ရင်းနှီးကြဟန်တူသော အမျိုးသမီးနှစ်ယောက် အပြန်အလှန်စကားပြောနေကြရင်း အိမ်ထဲသို့ဝင်လာကြလေသည်။ ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးကတော့ ခုံပေါ်တွင်ထိုင်ကာ စာအုပ်တစ်အုပ်ကိုဖတ်နေလေသည်။

သားသားနားနားဝတ်ဆင်ထားသော အသက်ခပ်ငယ်ငယ် ဧည့်သည် အမျိုးသမီးလေးက ပြောလာလေသည်။

"ဂုဏ်ယူပါတယ်Yi Xing..."

ထိုကောင်လေးက မော့ကြည့်လာပြီး မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်လေသည်။

"ဟုတ်... ကျေးဇူးပါဗျ။ တွေ့ရတာဝမ်းသာပါတယ်။"

ထိုအမျိုးသမီး၏ ဘေးဘက်ကို Xingကြည့်လိုက်မိတော့ ၅နှစ်အရွယ် ကလေးပေါက်စလေးကိုတွေ့လိုက်ရတာကြောင့် ပြုံးပြလိုက်လေသည်။ ထိုကလေးလေးကတော့ ပြန်ပြုံးမပြ။ သို့သော် အကြည့်တို့ကို Xingထံမှမခွာတော့။

ဧည့်သည်အမျိုးသမီးက ထိုင်ခုံပေါ်ထိုင်လိုက်ပြီးနောက် မိတ်ဆက်ပေးလာလေသည်။

"ဒါက အစ်မရဲ့သားလေးလေ။ Byun Baekhyunတဲ့။ သားလေးက နည်းနည်းတော့ဆိုးတယ်။"

Xingအမေက စားစရာတွေယူလာရင်း ပြန်ပြောလာလေသည်။

"ဆိုးမှာပေါ့။ Shinaက အလိုလိုက်ထားတာကိုး။"

Shinaကတော့ ရယ်သည်။

"တစ်ယောက်တည်းရှိတဲ့သားလေးမို့ ချစ်ရတာပါရှင်။ ဒါနဲ့ ရှင့်သားကြီးကော?"

Xingအမေက ပြုံးလိုက်ပြီး ပြန်ဖြေလာလေသည်။

"သားကြီးက နိုင်ငံခြားမှာ။ အိမ်ထောင်ရက်သားကျလို့။ သားဦးတောင်ရပေါ့။ အဲဒါ ကျွန်မကို ခဏခဏခေါ်နေတာ။ သားငယ်လေးရှိနေလို့ ကျွန်မကလည်း မသွားနိုင်ဘူးလေ။"

Short Fictions For You♡♡Where stories live. Discover now