Sehunထွက်သွားတော့ ထိုနေရာမှာပဲ Kaiလဲကျလျက်ကျန်နေခဲ့လေသည်။ သူဒီနေရာမှာတင် လဲ၍သေသွားလိုက်ချင်သည်။ သူ့ချစ်ရသူ၏ အမုန်းတို့ကို သူဘယ်လိုများခံယူရပါ့မလဲ။ သူ့ရင်ဘတ်တစ်ခုလုံး နာကျင်နေကာ စုတ်ပြတ်သတ်လို့နေပြီလေ။ ဘယ်လိုများ ထပ်ပြီးတော့ ဒီအမုန်းတွေကို ရင်ဆိုင်ရပါ့မလဲ? သူ့မှာ Sehunနောက်ကို ပြေးလိုက်သွားပြီး ဒူးထောက်တောင်းပန်ကာ ခွင့်လွှတ်မှုကို တောင်းခံခွင့်လည်းမရှိပြီ။
''ရှင်အဆင်ပြေရဲ့လား?''
Minaက အေးစက်စွာမေးလာလေသည်။ သို့သော် သူထိုမေးခွန်းကို ပြန်မဖြေတော့ဘဲ ထိုနေရာမှ အမြန်ဆုံးထွက်ခွာလာခဲ့မိလေသည်။
သူဘာလုပ်လို့လုပ်ရမည်မသိတော့။ သူ့ချစ်ရသူကို မပိုင်ဆိုင်ရလျှင်တောင် အဝေးကနေ မျှော်ကြည့်ခွင့်လေးတော့ ရှိအုံးမည်ဟု သူထင်ထားခဲ့ပေမယ့်အခုတော့ သူဟာ ထိုအခွင့်ကိုပါဆုံးရှုံးလိုက်ရပြီလေ။ သူဟာ တစ်ယောက်သောသူရဲ့ အမုန်းဆုံးလူသားပေါ့။ သူနာကျင်စွာ ငိုကြွေးလိုက်မိသည်။ သူဘာလုပ်ရပါ့မလဲ? နောက်ဆုံး သူကြံရာမရစွာဖြင့် တိုက်ခန်းလေးတစ်ခုရှေ့တွင် ဒူးထောက်နေမိသည်။ ထိုတိုက်ခန်းသည် Sehunစိတ်ညစ်တိုင်းလာရောက်လေ့ရှိသော နေရာဖြစ်လေသည်။ ထိုအချိန်တိုင်းပင် သူ့အားဒီနေရာကို ဖုန်းဆက်ပြီးခေါ်လေ့ရှိသည်။ သူတွေးမိသည်။ Sehunသည် ဒီနေရာသို့တစ်သက်လုံး လာတော့မည်မဟုတ် ဟူ၍...
Kai၏အတွေးတို့သည်လည်း မှန်ကန်ခဲ့ပါသည်။ Sehunသည် မူးနေအောင်သောက်ပြီးသည့်နောက် hotelတစ်ခုတွင်သွားအိပ်နေခဲ့သည်။ ထိုအချိန်တွင် သူအိပ်မက်တစ်ခု မက်ခဲ့လေသည်။ ထိုအိပ်မက်ထဲတွင် Kaiသည် မိန်းကလေးပေါင်းမြောက်မြားစွာနှင့် ဖက်လိုက်နမ်းလိုက်ပျော်ပါးနေသည်ဟူ၍။
''Kai... တော်ပါတော့! မင်းအဲဒီလိုတွေ မလုပ်ပါနဲ့တော့!''
Sehunအော်ဟစ်လိုက်မိကာ အိပ်မက်မှ လန့်နိုးလာခဲ့လေသည်။ အချိန်ကိုကြည့်မိတော့ ညဆယ်နာရီခန့်ပင် ရှိနေလေပြီ။ သူသက်ပြင်းချလိုက်မိလေသည်။
''ဘာလို့လဲKai? မင်းဒီလောက်ရက်စက်ခဲ့တာတောင် ငါဘာလို့မင်းကို မုန်းလို့မရတာလဲ? မင်းကိုမိန်းကလေးတစ်ယောက်နဲ့အတူ မြင်ရတာကို ငါဘာလို့အဲဒီလောက် မုန်းရတာလဲ? ငါ့ရည်းစားနဲ့ တွဲသွားတာတောင် ငါ့ရည်းစားထက် ဘာလို့မင်းကြောင့် ခံစားနေရတာလဲKai?''