နောက်တစ်နေ့...Taehyungသူ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ videoတစ်ခုရောက်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီvideoက Ji Sooတစ်ယောက် ကုတင်ပေါ်ငုတ်တုတ်ထိုင်ပြီး ခေါင်းအုံးကြီးပိုက်လို့ ထိုင်ငိုနေတဲ့videoလေးပါ။ videoလေးထဲမှာJi Sooပြောထားတာတွေက...
"သူတို့idolတွေကတော့ တွေ့ပြီးရင် မေ့သွားပေမယ့် ငါတို့fanတွေကတော့ တွေ့ပြီးရင် လွမ်းပြီးတော့ကျန်ခဲ့တာပေါ့ဟ။ ငါအခုသူ့ကို အရမ်းလွမ်းနေတယ်။ သူနဲ့တွေ့ခွင့်ရတာကံကောင်းတယ် ဆိုပေမယ့် ငါဘယ်နခါကံကောင်းနိုင်မှာလဲ?"
စသည်ဖြင့်ပေါ့.... အဲဒီvideoလေးကိုကြည့်ရင်း သူရယ်လိုက်မိပါတယ်။ ဟုတ်ပါတယ်။ ကိုယ်ချစ်ရတဲ့တစ်စုံတစ်ယောက်နဲ့ ပိုနီးကပ်ခွင့်ရပေမယ့် အဲဒီလိုမျိုး ဘယ်အချိန်အထိကံကောင်းနိုင်မှာတဲ့လဲ?
နောက်နေ့မှာပဲ Ji Sooဆီက စာလေးကို Taehyungလက်ခံရရှိခဲ့ပြန်ပါတယ်။ စာလေးထဲမှာရေးသားထားတာတွေက အများကြီးပါပဲ။
....တကယ်တမ်းတော့ Fan girlတစ်ယောက် ဖြစ်လာရတာကိုက ကံကောင်းတယ်လို့ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မပင်ပန်းနေတဲ့အချိန်တိုင်း ဝမ်းနည်းနေတဲ့အချိန်တိုင်း...လဲကျတဲ့အချိန်တိုင်းမှာ ကျွန်မကို ကျွန်မချစ်ရတဲ့Idolတွေက အားပေးခဲ့တယ်လေ။ သူတို့ကိုကြည့်ရင်းနဲ့ပဲ ပြန်ပြီးတော့ အားအင်တွေရှိလာရတာပါ။ ဒါပေမယ့် တကယ်လို့သာ ကျွန်မသိပ်ချစ်ရတဲ့ Idolနဲ့ပိုပြီး ရင်းနှီးခွင့်ရမယ်ဆိုရင် ကျွန်မက အရမ်းကိုကံကောင်းတဲ့မိန်းကလေးတစ်ယောက် ဖြစ်သွားမှာပါ။ ကမ္ဘာပေါ်မှာရှိနေတဲ့Fanပေါင်း မြောက်မြားစွာထဲကမှ ဒီလိုအခွင့်အရေးကိုရတာ တကယ့်ကိုကံကောင်းလို့ပါပဲ။ အခုလို စာတွေရေးပို့ခွင့်ရတာကိုလည်း အိပ်မက်လို့ ထင်နေမိတုန်းပါပဲ။ အရမ်းကိုအလုပ်များတဲ့ ကျွန်မရဲ့Idolက ကျွန်မရေးတဲ့စာကို အရေးတယူနဲ့ဖတ်တယ်ဆိုတော့လေ။ ကျွန်မအရမ်းကို ဘဝင်မြင့်သွားချင်မိတယ်။ အရမ်းလည်းပျော်ပါတယ်.....
စသည်ဖြင့်.....
နောက်ရက်...နောက်ရက်တွေမှာတော့... သူနဲ့ Ji Sooတို့နဲ့ ပိုပြီးရင်းနှီးလာခဲ့ပါတယ်။ စာလေးတွေကလည်း တဖြည်းဖြည်းနဲ့ အသက်ဝင်လာသလိုမျိုး Taehyungခံစားလာမိပါတယ်။ Ji Sooရေးတဲ့စာတွေကို ဖတ်လိုက်တိုင်းလည်း သူအားရှိလာသလိုခံစားရပါတယ်။ အဲဒီစာတွေဖတ်တိုင်း.. သူကပြီးပြည့်စုံတဲ့လူတစ်ယောက်... အရမ်းကိုထူးခြားကောင်းမွန်တဲ့လူတစ်ယောက်လို ခံစားရစေပါတယ်။ သူဟာ အကောင်းဆုံးလူတစ်ယောက်လို့လည်း ခံစားရစေပြန်ပါတယ်။ အဲဒီနောက် Ji Sooဆီကို သူမကြာခဏသွားဖြစ်ခဲ့ပါတယ်။ ဒီလိုအချိန်တွေမှာဆိုရင်လည်း သူဟာ အကောင်းဆုံးလူတစ်ယောက်လို့ ခံစားရပြန်ပါတယ်။ အဲဒီခံစားချက်တွေကြောင့် Taehyungစိတ်ထဲက အစိုင်အခဲတွေကိုခြေဖျက်နိုင်ခဲ့ပြီး မကြာခင်မှာပဲ Best Of Me MVထွက်ရှိလာခဲ့ပါတယ်။