Promise, episode-1

83 4 8
                                    

Chanyeol×Reader

For user74387307

ငြိမ်သက်နေသော အားလပ်ရက် ညနေခင်းလေးတစ်ခု... အေးအေးဆေးဆေးနှင့်နေလို့ကောင်းလှသည်။ အပျင်းပြေ လမ်းလျှောက်ထွက်သူ.. အားကစားလုပ်သူတို့သည် လက်ညိုးထိုးမလွဲ။

ထိုအချိန်တွင် ပြေးလာသော ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တိုက်မိသွားလေတော့သည်။

"ဘုတ်!"

"အာ.. နာသွားသေးလားဗျ။"

ထိုကောင်မလေးက မော့ကြည့်လိုက်တာနှင့် ကောင်လေး၏ မျက်နှာ ချက်ချင်းပန်းရောင်သမ်းသွားလေသည်။

"ဟုတ်...ပြေပါတယ်။"

"ဟို... ကျွန်တော်... ကျွန်တော်က Hanna ရဲ့fanပါ။"

"ရှင်?"

ထိုကောင်လေးကြောင့် သူမ ကြောင်သွားလေသည်။

ကောင်လေးက သူ့လွယ်အိတ်ထဲက စာအုပ်လေးနှင့် ဘောပင်လေးကိုထုတ်လိုက်ပြီး ပြောလာလေသည်။

"ဒီစာအုပ်လေးထဲမှာ signလေးထိုးပေးပါလား?"

ကောင်မလေးက ပြုံးလိုက်ရင်း စာအုပ်လေးကိုလှမ်းယူလိုက်ကာ ပြောလာလေသည်။

"အလယ်တန်းကျောင်းသူတစ်ယောက်အနေနဲ့ fan ရှိတယ်ဆိုတော့ နည်းနည်းတောင် ဘဝင်မြင့်ချင်သွားမိတယ်။ ဒါနဲ့ ကျွန်မတို့ကျောင်းကပဲလား?"

"ဗျာ... မဟုတ်ပါဘူး။"

ကောင်လေးပုံစံက အတော်ရှက်တတ်သည့်ပုံ။ ဆံပင်ကောက်ကောက်လေးနှင့် မျက်မှန်ဝိုင်းလေးနှင့် တော်တော်ချစ်ဖို့ကောင်းသည်။ အရပ်ကတော့ ကလန်ကလားနှင့်။

"ရော့...ဒီမှာပါ။"

စာအုပ်ထဲ signထိုးပေးပြီးတော့ ကောင်လေးကို ပြန်ပေးလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်။"

"ဒါဆို ကျွန်မသွားတော့မယ်။"

ကောင်မလေးက လှည့်ထွက်သွားမည်အလုပ် ကောင်လေး၏ အသံကိုကြားလိုက်ရလေသည်။

"ဟိုလေ... ကျွန်တော်တို့ထပ်တွေ့ကြမယ်မလား?"

ကောင်မလေးကပြန်လှည့်လာပြီး ပြောလာလေသည်။

Short Fictions For You♡♡Tempat cerita menjadi hidup. Temukan sekarang