(Unicode)
ညက သောက်ထားသည့်အရှိန်ကြောင့် လီအွန်းဘီ ခေါင်းထဲတွင် နောက်ကျိကျိဖြစ်နေသည်။ ဘတ်စ်ကားဂိတ် ဘေးရှိကြော်ညာဆိုင်းဘုတ်လေးကို မှီကာ တောင်ငေးမြောက်ငေး လုပ်နေမိသည်။
"ဒီနေ့တော့ ရာသီဥတု သာယာသားပဲ""ဟင်... မင်ယွန်းဂီ?"
"ဖျားနေလောက်ပြီတောင် ထင်နေတာ"
"ဘာကိုလဲ"
"ရော့... လိုရမယ်ရပေးတာ"
ပြောချင်တာတွေပြောကာ ထီးကောက်အဖြူရောင် တစ်ချောင်းကို ကမ်းပေးနေသော သူ့အား ကြည့်ရင်း ရယ်ချင်မိသည်။
"မနေ့က ထီးပျက်သွားတာ တွေ့လိုက်တယ်ပေါ့""အင်း... ဘာအရောင်ကြိုက်မှန်း မသိလို့ အဖြူလေးပဲ ရွေးလာခဲ့တာ"
"ကျေးဇူးပါရှင်... ဒါနဲ့ ရှင့်သူငယ်ချင်းအိမ်လာလည်ဆို... မပြန်သေးဘူးလား"
"ပြန်မလို့ပဲ... ဟိုကောင် ခရီးတစ်ပတ်လောက်ထွက်စရာပေါ်လာလို့ အိမ်စောင့်ပေးပါဆိုတာနဲ့ ဆက်နေနေရတာ"
"သြော်..."
"ဒါနဲ့... အွန်းဘီက ဘယ်မှာအလုပ်လုပ်တာလဲ"
"Hotel Ace မှာ... ထီးက ဒီနေ့တော့ ယူသွားလိုက်မယ်နော်...။ အပြန်ကျရင် ပြန်ပေးမယ်"
"မဟုတ်တာ... ယူထားလိုက်ပါ။ မိတ်ဖြစ်ဆွေဖြစ် လက်ဆောင်လို့ သဘောထားပြီး..."
"ပြီးတာပဲ ဒါဆိုလည်း သွားတော့မယ်နော်... ဘတ်စ်ကားလာနေပြီ"
ဘတ်စ်ကားပေါ်တက်လိုက်ပြီးနောက် လွတ်နေသော နေရာတွင် ထိုင်ကာ မှတ်တိုင်တွင် ရပ်နေသော မင်ယွန်းဂီအား လက်လှမ်းပြလိုက်သည်။ သူပေးလိုက်သည့် ထီးအဖြူလေးကတော့ ကိုယ့်လက်ထဲမှာ...။ လီအွန်းဘီ စိတ်ထဲတွင် မင်ယွန်းဂီနှင့် ပတ်သက်ပြီး တစ်ခုခုကို ရေးတေးတေး ရိပ်မိလိုက်သလိုပါပဲ။
===============
"ဘာ... အဲ့တော့ ငါက ဘယ်သွားနေရမှာလဲဟ!!!"
စီခနဲထွက်လာသော ပတ်ဂျီမင်အော်သံကြောင့် ဧည့်ခန်းတွင် TVထိုင်ကြည့်နေသော ဂျောင်ဟိုဆော့ပင် လန့်သွားရှာသည်။
"မင်းက ဟိုဆော့ အိမ်ဖြစ်ဖြစ် တစ်ပတ်လောက် သွားရှောင်နေလို့""ဘာတွေဖြစ်နေကြတာလဲ"
အိမ်ခန်းထဲမှ ပွစိပွစိအသံများကြောင့် ဂျောင်ဟိုဆော့ တစ်ယောက် TVပင် ဆက်မကြည့်နိုင်ဘဲ လာစပ်စုပြန်သည်။ စူပုပ်နေသော မျက်နှာဖြင့် ပတ်ဂျီမင်းက
"ဟို ၇လွှာက တစ်ယောက်ကို လိုက်ဖို့အရေး ငါက ခရီးထွက်စရာရှိတယ်ဆိုပြီး လုပ်ကြံဇာတ်ခင်းထားလို့ ငါ့ကို မင်းအိမ်မှာသွားနေခိုင်းပြီး သူက ဒီမှာ အိမ်စောင့်ပေးမယ်တဲ့လေ..."