(Unicode)
အသက်လည်းနှစ်ဆယ်ကျော်ခဲ့ပြီ ဖြစ်တာကြောင့် အတန်အသင့် တည်ငြိမ်သင့်သလောက် တည်ငြိမ်နေပြီဟု ထင်ခဲ့သော်လည်း အရာရာတိုင်းမှာတော့ မဟုတ်သေးဟု အွန်းဘီ ကိုယ့်ကိုယ်ကို ဝန်ခံလိုက်ရသည်။ အထူးသဖြင့် ဂျုံးဂုနှင့် ပတ်သက်လာလျှင် မည်မျှပင် ထိန်းချုပ်ထားထား ဆုံးဖြတ်ချက်တို့သည် အလွဲလွဲအချော်ချော်ပင်။ အခုလည်း ညနေ သူနှင့် သွားမတွေ့ခင် မိမိအား အားပေးနိုင်မည့် လက်တစ်စုံကို အရေးတကြီး သူမ လိုအပ်နေမိသည်။
"ဟဲလို... မီယောင်းလား""အင်း... ခဏနေ ရုံးဆင်းမှာကို ဖုန်းဆက်တယ်ဆိုတော့ ဘာအရေးကြီးလို့လဲ"
"ဟိုလေ... နင်ငါ့ကို ဆဲချင်လည်း ဆဲဟာ။ ငါ ညနေ ဂံျုးဂုနဲ့ တွေ့မလို့ လုပ်ထားတယ် အဲ့ဒါ..."
"ဘာ!!!! ရူးနေလား မသာမရဲ့... ဟိုက ထပ်ပြီး လေပျော့ထိုးရင် နင့်စိတ်က ခိုင်တာလည်း မဟုတ်ဘဲနဲ့... &*$^*$&^^##$#%@&*@"
အစရှိသဖြင့် မီယောင်းသည် မိမိအား သူငယ်ချင်းကောင်းတို့၏ ထုံးစံအတိုင်း မဟုတ်သည့် ကောင်ကို အခွင့်အရေးပေးလာရင် သေမည်ဟု တစ်ဖုံ၊ ဘာလို့ သွားတွေ့တာလဲဟု အစချီကာ ဆဲသည်ကတစ်မျိုး နည်းမျိုးစုံဖြင့် ပြောဆိုတော့သည်။ လီအွန်းဘီဆိုတာကလည်း ကိုယ့်အကြောင်းကိုယ် သိသည်လေ။ အဲ့ဒါကြောင့်လည်း ဆဲပေးမယ့်သူဆီကို ဖုန်းဆက်ရတာ..။ ဒါမျိုးလေးမှ ဆီးပြီးပြောမည့်သူမရှိရင်လည်း ဂျုံးဂုနောက် ကောက်ကောက်ပါအောင် လိုက်သွားဖို့က များနေတော့...။
"အေး... ငါ နင့်ရဲ့ အဲ့လိုအသံကို ကြားချင်နေတာ... ကျေးဇူးပဲ ဆဲပေးလို့။ ဒါမှ နင့်အသံကို ကြားယောင်ပြီး ပေါက်ကရလုပ်မလာမှာ""လုပ်ရဲလုပ်ကြည့် ပြန်လာရင် တံခါးမဖွင့်ပေးဘဲထားမှာ... မြက်စားတဲ့အကောင်နဲ့တော့ တစ်အိမ်ထဲ မနေနိုင်ဘူး ဒါပဲ"
ကင်မီယောင်းသည် ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်သောကြောင့် အွန်းဘီ ဖြုံသည်မှာ အမှန်။ အသက်ကို ခပ်ဆဆရှူသွင်းလိုက်ကာ ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။Fighting လီအွန်းဘီ...။
=============
ရူးနေလို့... ဒီဆိုင်ကိုမှ လာတာလား -_____-