26. Propose

2.3K 290 33
                                    

(Unicode)



အချိန်တို့သည် ကုန်တာမြန်လွန်းလှသည်။ ချစ်ခင်ကြည်နူးလိုက်၊ ရန်ဖြစ်လိုက်နှင့်ပင် သူတို့နှစ်ယောက်ကြား သံယောဇဉ်ကလည်း ပိုတွယ်လာပြီလေ။ ခုဆို ယွန်းဂီလည်း နာမည်ရစပြုလာသလို အွန်းဘီကလည်း ဟိုတယ်တွင် အနှောင့်အယှက်ကင်းကင်းနှင့် အေးဆေးအလုပ်လုပ်နေပြီ။ ကြားလူကြောင့် ပြဿနာအဖြစ်မခံတော့ဟု နှစ်ယောက်နားလည်မှု ယူပြီးကတည်းက သူတို့ ဂျုံးဂုလောက်တော့ မဖြုံတော့။ ကြားလူကြောင့်တော့ မဟုတ်သော်လည်း ပြဿနာတော့ တက်ဆဲပင်... အခုလည်း ကြည့်။


"ကိုကိုက မအားဘူးဆိုတော့လည်း ထားလိုက်ပါ"

"ကိုယ် တကယ်သတိမရမိလိုက်ဘူး... ပြီးတော့ အဲ့ဒီပွဲက..."

"အရေးလည်းကြီးတယ်၊ တကယ့်နာမည်ကျော်တွေလည်း လာမှာလို့ ပြောမလို့မလား... အွန်းဘီ သိပါတယ်။ အဲ့ဒါကြောင့် ကိုကို့ကို စိတ်မဆိုးဘူးလို့"


စိတ်မဆိုးဘူးပြောနေပေမယ့် မျက်နှာလေးက ငိုတော့မယ့်အတိုင်း ဖြစ်နေသဖြင့် ယွန်းဂီ ဘာလုပ်လို့ ဘာကိုင်ရမယ်မသိပင် ဖြစ်နေသည်။ ငိုအောင်လုပ်ဖို့ မပြောနဲ့ မျက်နှာလေးနည်းနည်းညှိုးရင်တောင် သူ့မှာ ပြာယာခတ်နေရတဲ့ဟာ။

သန်ဘက်ခါက အွန်းဘီနဲ့ သူ့ရဲ့ ချစ်သူဖြစ်တာ ၆လပြည့်တဲ့နေ့။ အွန်းဘီကို အဲ့ဒီနေ့တစ်ရက်လုံး အချိန်ပေးပါ့မည်ဟု ကတိပေးထားခဲ့ပြီးကာမှ ပွဲတစ်ခု အဖိတ်ခံရသဖြင့် ယွန်းဂီက မအားတော့မလိုဖြစ်နေသည်။ ယွန်းဂီလည်း တော်တော်ဒွိဟ... သူ့အတွက် နှစ်ဖက်လုံးက အရေးကြီးနေသည်လေ။

ယွန်းဂီက ပရိုဂျူဆာပေါက်စလေးဖြစ်လာပြီဆိုတော့ သိပ်မအားချင်တော့။ သူ့ရဲ့ မနားမနေကြိုးစားမှုကြောင့် အချိန်တိုအတွင်းမှာပင် အသိအမှတ်ပြုခံလာရသည်။ အောင်မြင်မှုနှင့်အတူ အချိန်မပေးနိုင်မှုတို့က ကပ်ပါလာသဖြင့် အွန်းဘီက သူ့ကို အမြဲလိုလို နားလည်ပေးခဲ့သည်။ ဒီတစ်ခေါက် သူမကို အချိန်ပေးရန် တကူးတကတောင်းဆိုထားသည့် အထိန်းအမှတ်နေ့ကျမှပဲ သူက မေ့ပြီး ပွဲတက်လက်ခံလာမိသည်လေ။


"ကိုယ် တောင်းပန်ပါတယ် အွန်းဘီရယ်... ကိုယ့်ကို ကြိုက်သလို စိတ်ဆိုးပါ၊ ကိုယ့်ရင်ဘတ်ကြီးကိုလည်း ကြိုက်သလောက် ထု... ကိုယ်ခံပါ့မယ်"


ငိုတော့မယ့်မျက်နှာလေးက ပြုံးချင်တာကို အောင့်ထားရတဲ့ရုပ်လေး ချက်ချင်းဖြစ်သွားမှပဲ ယွန်းဂီ စိတ်အေးရတော့သည်။ သူ ချစ်လွန်းလို့ အွန်းဘီရဲ့ ပါးလေးကိုပင် လက်နဲ့ ဆွဲညှစ်လိုက်မိသည်။


"အွန်းဘီ စိတ်မဆိုးဘူးဆိုတာ ကိုကို့အလုပ်ကိစ္စကြောင့်မို့လို့နော်... တခြားဟာကြောင့်သာဆို ခွင့်မလွှတ်ဘူး"

When Rain Falls Down (Book 1) ✔Donde viven las historias. Descúbrelo ahora