(Unicode)
မနက်က ဟိုတယ်အပေါက်ဝမှာ အဖြေဟု ယူဆရသည့်စကားကို ပြောခဲ့ပြီးနောက် အွန်းဘီ အလုပ်လုပ်ရင်းပင် တစ်နေကုန် စိတ်တွေ လှုပ်ရှားနေသည်။ ဒီနေ့ကျမှပဲ လူတွေကိုတောင် ပိုပြီး အကောင်းမြင်နေသလိုလို။ စိတ်လိုလက်ရရှိနေသဖြင့် ဂျုံးဂုကိုတောင် ရယ်ပြလိုက်သေးသည်။ အောက်က အငယ်တွေနဲ့လည်း အဆင်တွေကို ပြေလို့။
"အစ်မ... အပြန်ဆို တွေ့တွေ့နေတယ်နော်... ဘယ်သူလဲပြော""သိချင်ဝယ်ဖတ်... မပြောဘူး"
"အကြီးဆိုပြီး ဈေးကိုင်တယ်"
နေ့လည်စာစားချိန်တွင် အွန်းဘီကို အတင်းအစ်မေးနေကြခြင်းပင်။ ဟိုတယ်မှာက တော်ရုံဆို ဝန်ထမ်းအချင်းချင်းသာ ပြန်တွဲကြသည်ကများသည်။ အလုပ်လည်း တူတူလုပ်ရ၊ နေ့ဒဓူဝလည်း မြင်နေတွေ့နေရတာဆိုတော့ ချစ်သွားကြိုက်သွားဖို့က အခွင့်သာသည်လေ။ အပြင်လူနဲ့ ဇာတ်လမ်းဖြစ်တယ်ဆိုတာက တော်တော်ရှားရှားရယ်။ ဟိုအရင် အလုပ်မဝင်ခင်ကတည်းက တွဲလာကြတာတွေသာပေါသောကြောင့် အွန်းဘီတို့က ရှားရှားပါးပါး စာရင်းဝင်ကာ အကောင်ဖြစ်နေလေသည်။
"မမက အရမ်းလျှိုတယ်... နည်းနည်းလေးတောင် အသိမပေးဘူး""ငါက မသေချာသေးလို့ မပြောတာပါ"
"ငါက အစထဲက သိပြီးသား... အစ်မမှာ တစ်ယောက်ယောက်တော့ ရှိမယ်လို့... အဲ့ဒါကြောင့် မန်နေဂျာကို စိတ်မဝင်စားတဲ့ဟာ"
သူများပျော်နေတာကို ဘယ်လိုဖြစ်လို့ ဂျုံးဂုအကြောင်းက မဆီမဆိုင် ပါလာပြန်ရတာတုံး... အွန်းဘီ စိတ်တောင် ခုသွားတယ်။ မင်ယွန်းဂီဆိုတဲ့သူက နင်တို့ အသည်းကျော် မန်နေဂျာကိုတောင်ကျော်ပြီး ငါ့အချစ်ကို ရထားတာဟုသာ စိတ်ထဲကနေ ကြွေးကြော်လိုက်သည်။ ဟုတ်တယ်လေ... ကိုယ့်လူကို ဒီလောက်တော့ အမွှန်းတင်ရမှာပဲ။
"ဝမ်းသာပါတယ်... အတွဲရသွားတယ်ဆိုတဲ့ သတင်းသဲ့သဲ့ကြားလို့"
ဒီလို ငေါ့တော့တော့အသံကြားလိုက်ရတယ်ဆိုကတည်းက ဂျုံးဂုမှန်း အွန်းဘီ သိပြီးသား။ ကျေးဇူးတင်တယ်ဟု အဖြစ်သဘောသာ ပြန်ပြောကာ ခုနက အငယ်တွေနဲ့ပဲ စကားဝိုင်းဖွဲ့နေလိုက်တော့သည်။ ဒီနေ့ပျော်နေလို့ သူ့ကို အဖက်မလုပ်အားဘူးလေ။ မကျေနပ်လည်း မတတ်နိုင်ဘူး။