(Unicode)
သူမ၏ ဖခင် ရုံးမဆင်းခင် အိမ်ရောက်မှဖြစ်မည်ဟုဆိုကာ ညနေ သုံးနာရီခွဲလောက်ကတည်းက ပြန်မယ်တကဲကဲလုပ်နေသောကြောင့် ယွန်းဂီမှာ နေရာအစုံတောင် မရောက်လိုက်။ ယွန်းဂီစိတ်ထဲ အားမလို အားမရတွေပင် ဖြစ်နေသည်။ စောစောပြန်လိုက်ပို့ဆိုတော့ ဒီလောက်ထိ စောမယ်လို့မှ မထင်ဘဲ။
"အစောကြီးရှိသေးတာကို""မရဘူး... appa ရုံးကပြန်မလာခင် ပြန်မလို့"
"အွန်းဘီက ကလေးလည်း မဟုတ်တော့ဘဲနဲ့"
"အိမ်မှာတော့ ကလေးပဲ"
အဲ့လောက်ထိ အိမ်မပိုင်တာလည်း မဟုတ်ဘဲ သူ့ကို သက်သက်ရစ်နေသော ငတိမလေးအား ယွန်းဂီ ဘယ်လိုစိတ်ဆိုးရမည်တောင်မသိ။ ခုမှ ပြန်တည့်တဲ့ဟာ အနားမှာကြာကြာလေးနေချင်တာပေါ့လို့၊ ဘူဆန်ကို နှံ့အောင်သွားပါမယ်ဆိုမှ ဒီနေ့ ရောက်တာဆိုလို့ Yongdusan ပန်းခြံနဲ့ Haeundae ကမ်းခြေသာရှိသည်။
(A/n - ပန်းခြံမှာ အကဲပိုကြတာနဲ့ ကမ်းခြေမှာ bridal styleချီပြီး ရိုကြတာကိုတော့ တစ်ကိုယ်တည်းသမားတွေ အရမ်းအားကျကုန်မှာ စိုးလို့ စေတနာနဲ့ အကျယ်ချဲ့မရေးတော့ပါ😂)အွန်းဘီ၏ ဂျီကျမှုကို မလွန်ဆန်နိုင်၍သာ ယွန်းဂီ ပြန်လိုက်ပို့ရခြင်းပင်။ ဒီဟာမလေးကတော့ သူ့ကို ဘယ်မှာတည်းလဲ၊ အဆင်ပြေရဲ့လားတောင် မမေး။ သူမတို့ အိမ်နားကို ရောက်လာတော့ အွန်းဘီက ပထမနေ့ ယွန်းဂီ သူမကို လိုက်ရှာခဲ့စဉ်က သူကျော်သွားခဲ့သည့် လမ်းချိုးလေးထဲ ဝင်သွားသည်။
"မနေ့က ကိုယ်ဒီနားကို ရောက်သေးတယ်၊ အွန်းဘီကို တွေ့လိုက်လို့ဆိုပြီး ကားပေါ်က အမြန်ဆင်းလာပေမယ့် ဒီနားရောက်မှ မတွေ့တော့ပါလား ထင်နေတာ... လက်စသတ်တော့ အွန်းဘီက ဒီလမ်းကြားထဲ ဝင်သွားတာကိုး""ဟုတ်လား... မနေ့က အွန်းဘီ ကြက်ဥတော့ ထွက်ဝယ်သေးတယ်"
"ကိုယ့်မှာ မီခါနီးလေးမှ မတွေ့တော့လို့ လမ်းမပေါ်မှာ အွန်းဘီဆိုပြီးတောင် အော်မိသွားသေးတာ"
"အယ်... ဒါဆို အွန်းဘီ စိတ်ထင်တာ မဟုတ်ဘူးဘဲ၊ ဒီနားမှာ ခေါ်သံကြားလို့ဆိုပြီး ရပ်ပြီးတောင် ကြည့်ကြည့်သေးတယ်... ဘယ်သူမှ မရှိလို့"
သူမ အိမ်နားရောက်သည်နှင့် အွန်းဘီက သူ့လက်ကိုပင် မကိုင်ဘဲ ခပ်ခွာခွာလျှောက်နေသည်ကို ယွန်းဂီ သတိထားမိသည်။ စိတ်ထဲတွင် ကျိတ်ရယ်မိကာ သူမကို စချင်စိတ်တွေပင် ပေါက်လာသည်။
"ဘာလို့အဝေးကြီးသွားနေနေတာလဲ... ဒီနားလာ"
ယွန်းဂီ ခပ်တည်တည်နှင့် သူမ ပုခုံးကို ဆွဲဖက်လိုက်တော့ အွန်းဘီက အီလည်လည်ရုပ်လေးနဲ့ အနားရောက်လာသည်။ မျက်လုံးတွေကလည်း သူ့ကို လူများတွေ့သွားမလားဆိုတဲ့ရုပ်နဲ့ တောင်ကြည့်မြောက်ကြည့်က လုပ်နေသေးသည်။ အနားက လစ်ထွက်ဖို့ ကြံနေတာကို သိသောကြောင့် ပုခုံးပေါ်ကလက်ကို ပိုပြီးတင်းနေအောင်ပင် ဖက်ထားလိုက်သည်။
"အဲ... အခု ဒီနားကလေ... အသိတွေ ရှိတော့..."