(Unicode)
ခါတိုင်းလို သူမရဲ့ဟိုတယ်အပေါက်ဝသို့ တစ်ခေါက်ပြန်ရောက်ခဲ့ရပြန်သည်။ ဒီတစ်ခါတော့ အရင်လို့ ဟိုတယ်ရဲ့ assistant managerတစ်ယောက်ရဲ့ နောက်ကို တကောက်ကောက်လိုက်ခဲ့ရသော ကုတ်ချောင်းကုတ်ချောင်း ကောင်လေးတစ်ယောက်အနေနဲ့ မဟုတ်တော့သလို တစ်ခြားသူနဲ့ ယှဉ်ပြီး သူမကို လက်လွှတ်ရမှာ စိုးရိမ်နေရတဲ့ သက်ဆိုင်သူအနေနဲ့လည်း မဟုတ်တော့။ သူမအား ပိုင်ဆိုင်ရတော့မည့် လူတစ်ယောက်အနေနှင့် ရောက်လာခဲ့ခြင်းပင်။
"စောင့်ရတာ ကြာသွားလား""မကြာပါဘူး ခါတိုင်းလိုပဲ"
မျက်နှာမှာ အလှဆုံးအပြုံးလေးကို ပြုံးထားပြီး သူ့လက်မောင်းကို လက်လာချိတ်တဲ့ ကောင်မလေး။ ဒီနေ့ မင်္ဂလာဝတ်စုံသွားရွေးမည်ဖြစ်၍ ပျော်နေသည်လေ။ ယွန်းဂီကတော့ မင်္ဂလာဆောင်မယ့်နေ့ရောက်ဖို့တောင် မစောင့်နိုင်တော့ဘူး။
"ကိုကို... ကားလေး ဘာလေးဝယ်ပါ့လား"
ဘတ်စ်ကားပေါ်သို့ ထိုင်ထိုင်ခြင်း ကောက်ခါငင်ခါ ပြောလိုက်တဲ့ အွန်းဘီကြောင့် ယွန်းဂီပင် ကြောင်သွားသည်။ မင်္ဂလာကိစ္စကို ပြင်ဆင်နေရလို့ အကုန်အကျနည်းနည်းများနေပါတယ်ဆို။
"လက်ထပ်ပြီးမှ အွန်းဘီကို ကားလက်ဆောင်ပေးမယ်လေ""တကယ်နော်... ပြီးမှ အလုပ်သွားခါနီးကားလာလုရင် မပေးဘူး"
"အွန်းဘီက ကားမောင်းတတ်လို့လား"
"ကိုကို သင်ပေးမယ်မှာပဲဟာ"
သူလည်း တစ်ခါမှ သင်ပေးမယ် မပြောရပါဘဲနဲ့ကို တစ်ယောက်ထဲ စိတ်ကူးတွေ ယဉ်နေပြန်သည်။ ကားရတဲ့တစ်နေ့တော့ သူမကို အချိန်ပေးပြီးသင်ပေးရမည်ဟု ယွန်းဂီ စဉ်းစားမိလိုက်သည်။
"ကိုယ့်အွန်းဘီလေးက ဘယ်လိုကားလိုချင်လဲ""Audiတော့ ကြိုက်တယ်... BMWဆိုလည်း မဆိုးပါဘူး"
အွန်းဘီ လူကောင်က သေးသလောက် ဖြေချလိုက်တာမှ အကြီးကြီးတွေ။ ယွန်းဂီ မျက်ခုံးတွေပင် လှုပ်ချင်သွားသည်။ ပြောလို့တော့မရ သူဒီထက်မက အောင်မြင်လာရင်တော့ lamborghini တောင်ဝယ်ပေးချင်ပေးမှာပေါ့လေ။ အခုတော့ အခြားအကြောင်းပြောင်းပြောမှ ဖြစ်တော့မည်။
"ဒီနေ့ ဖိတ်စာလည်း သွားရွေးရမယ်... နေရာလည်း သွားပြီး bookingလုပ်ရဦးမယ်"