(Unicode)
ပြန်ပြီးခြုံငုံကြည့်ရမည်ဆိုလျှင် အရာရာက အဆင်ပြေချောမွေ့သည်ဟု ပြောလို့ရသည့် အနေအထားမျိုးတွင် ရှိနေသည်။ ဟိုဆော့နှင့် မီယောင်းကလည်း msgလေး ပို့လိုက်၊ ဖုန်းလေးပြောလိုက်နှင့် သာယာလွန်းသည်ဟူသည့် အခြေအနေ။ ယွန်းဂီနဲ့ အွန်းဘီကလည်း ကပေါက်တိ ကပေါက်ချာတွေ ဖြစ်နေတဲ့ကြားထဲကကိုပင် တစ်ယောက်နှင့် တစ်ယောက် သံယောဇဉ်တွယ်စပြုနေပြီလေ။ဒါပေမယ့် ကံတရားဆိုတာကလည်း သိတယ်မလား။ လေပြေလေညင်းတိုက်ပြီးရင် မုန်တိုင်းက ထန်ချင်တယ်ဆိုတော့...။ သူတို့အတွဲနှစ်တွဲကို မုန်တိုင်းအကြီးစားတော့ ဝင်မတိုက်သေးပေမယ့် ကန့်လန့်တိုက်မယ့် လူကတော့ ရှိသည်။ ဘယ်သူရှိမလဲ ၁၂လွှာက သူတို့နှစ်ကောင်ပေါင်း နှင်ချထားတဲ့ အခန်းပိုင်ရှင် ပတ်ဂျီမင်ပေါ့...။
"မင်းတို့အတွက် တစ်ပါတ်တောင် မကဘူး၊ နှစ်ပါတ်ကျော် သုံးပါတ်နီးပါးလောက် သူများအိမ်သွားနေပေးထားတာ...။ အားနာတတ်ရင် ပြန်ဖို့ကောင်းပြီ ငနာနှစ်ကောင်"
ဟိုနှစ်ယောက်ကလည်း အင်းမလုပ် အဲမလုပ်။ ပြန်သင့်ပြီမှန်းတော့ သိသည်လေ... ဂျီမင် ကောင်းကောင်းပြောပြီး နှင်ချနေတဲ့အချိန်မှ မပြန်ရင် အဲ့ကောင်ဖွတာနဲ့ သူတို့လည်း အိုးပစ် အိမ်ပစ် စော်လိုက်နေတယ်ဆိုတဲ့ ကျော်မကောင်း ကြားမကောင်းတွေဘဝ ရောက်တော့မယ်ဆိုတာ။
"ဘာလို့ ပြန်မဖြေတာလဲ -____- ပြောတော့ အဆင်တွေ ပြေနေကြပြီဆို""ပြေတာတော့ ပြေတယ်လေ... ဒါပေမယ့် ငါက အဖြေမရသေးဘူး"
"အဖြေက ကိုယ့်အိမ်ကိုယ်ပြန်ရောက်မှ တောင်းလည်းရတယ်"
ဂျောင်ဟိုဆော့နှင့် ပတ်ဂျီမင်တို့ အခြေအတင်ငြင်းနေကြသော်လည်း ယွန်းဂီက ဘာမှဝင်မပြော။ ဝင်ပြောလို့လည်း ဘယ်ရမလဲ... သူ့အဖြစ်က အဖြေရဖို့နေနေသာသာ အွန်းဘီက သူ ရည်းစားစကားပြောထားမှန်း သတိရသေးရင်တောင် ကံကောင်း။ ရုံးအသွားအပြန် အနားလေးကပ်ခွင့်ရပြန်တော့လည်း ဟိုက မမူးဘဲကို နှစ်ရက်ခြားတစ်ခါလောက် lessonပေးနေတာ။ msgပို့ရင်လည်း ယွန်းဂီပို့တဲ့ အရေးအသားတွေကို ပြန်ထောက်ပြပြီး ဘယ်လိုလေးပို့ရင် ပိုမိုက်တယ်တွေ လုပ်နေလို့ သူ့ရဲ့မူပိုင်အချေဆိုတဲ့ဂုဏ်ပုဒ်တောင် အခမ်းအနားနဲ့ အွန်းဘီကို လွှဲပေးရမလို ဖြစ်နေပြီ။
"ဟို ငြိမ်နေတဲ့တစ်ယောက်ကရော... ဘာပြောစရာရှိသေးလဲ"