13. Say Yes

2.6K 332 17
                                    

(Unicode)


အွန်းဘီ စိတ်ရှည်သည်းခံနိုင်စွမ်းတွေ ဘယ်အချိန်ထိ ရှိမယ်တော့မသိ။ တစ်ရက်တစ်ရက် ရုံးဆင်းပြီဆိုတာနှင့် ဂျုံးဂုနဲ့မတွေ့ခင် ဟိုတယ်ဂိတ်ဝကို တာထွက်သလို ပြေးရတာလည်း အလုပ်တစ်ခုလို ဖြစ်လာပြီ။ အရင်ကတော့ ဘာတွေကို ကြည့်ပြီး အကြီးအကျယ်တွေ စွဲလန်းခဲ့လဲတော့ မသိဘူး... ခုတော့ သူဘာလုပ်လုပ်ကို ထောင့်မကျိုးဘူးဆိုပြီး ကြည့်မရတွေ ဖြစ်နေသည်။ မီယောင်းကို တိုင်ပင်ပြန်တော့လည်း တစ်ရုံးထဲလုပ်နေသ၍တော့ မတွေ့ချင်ရင် ကိုယ့်ဘက်က ဦးအောင်ရှောင်ရုံမှတစ်ပါး တစ်ခြားမရှိဟူသည့် အဖြေသာရသည်။


"အဲ့ဒီတစ်ယောက်က အွန်းဘီကို ဘာလို့ အဲ့လောက်တောင် လိုက်ရောနေရတာလဲ"


အွန်းဘီ ကိုယ့်အာရုံနှင်ကိုယ် လွင့်မျောနေသောကြောင့် ယွန်းဂီကိုပင် စကားမပြောမိ။ သူ့အသံကြားမှ လူက စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသည်။ သူမနှင့် ဂျုံးဂုအကြောင်းကို ယွန်းဂီလည်း ဂဃနဏသိချင်ရှာမှာပဲလေ...။ ဒါပေမယ့် ပြောသင့်မပြောသင့် သူမ မဝေခွဲတတ်။ စိတ်ထဲကတော့ မပြောရန်သာ အလေးသာနေသည်။


"အရင် ကျောင်းတက်တုန်းက ကျွန်မက သူ့ကို ကြိုက်ဖူးတယ်လေ... အဲ့ဒီတုန်းက အဖက်မလုပ်ဘဲ အခုမှ အတင်းကြီးလာရောနေလို့... ကျွန်မလည်း စိတ်ညစ်တယ်"


တိုတိုတုတ်တုတ်နှင့် အရှင်းလင်းဆုံး အဖြေကိုသာ ပေးလိုက်မိသည်။ တကယ်လို့ ယွန်းဂီသာ ထပ်ပြီးမေးခွန်းထုတ်ခဲ့ရင်တော့ သူမ ဖြေရန်အသင့်ပြင်ထားသည်။ သို့သော် ယွန်းဂီဆီမှ တိတ်ဆိတ်မှုအပြင် အွန်းဘီ ဘာမှပြန်မရ။


"ဒါနဲ့ ယွန်းဂီ အခု အိမ်ကလာတာလား... သူငယ်ချင်း ပြန်ရောက်လာပြီဆို"

"..."





ခဏအကြာ





"ယွန်းဂီ ဒီလိုကျွန်မကို အကြိုအပို့တွေ လုပ်ပေးတော့ ရှင့်ကို စန္ဒရားတီးဖို့ ပွဲလာအပ်တာတွေ၊ ဘာတွေ အချိန်တိုက်နေရင် ဖျက်ရမှာပေါ့နော်?"

"..."





တစ်အောင့်အကြာ





"ရှင် ကျွန်မ ဘာမေးမေး အဲ့လို တုံဏိဘာဝေကြီးပဲ လုပ်နေတော့မှာလား"

"..."

"YAHHHHHH! MIN YOONGI!!!!!!!"


နားနားကပ်ပြီး ပြဲလန်နေအောင် အော်လိုက်မှပင် အာမေဋိတ်အသံမျိုးစုံထွက်ကာ သတိဝင်လာသည့် သူ့ကိုကြည့်ပြီး အွန်းဘီ စိတ်ဆိုးရအခက်ပင် ဖြစ်သွားသည်။ ခုမှ မျက်လုံးလေး ကလယ်၊ ကလယ်နဲ့ လာကြည့်နေသည်လေ။


"ခုနက ကိုယ့်ဘာကိုယ် အတွေးလွန်နေတာနဲ့ အွန်းဘီ ပြောတာတွေ မကြားလိုက်ဘူး ဖြစ်သွားတယ်"

When Rain Falls Down (Book 1) ✔Where stories live. Discover now