(Unicode)
အွန်းဘီတို့ ချစ်သူဖြစ်ခဲ့တာ တစ်ပါတ်ကျော်ကျော် ရှိခဲ့ပြီ။ ခုချိန်ထိ မနေ့တနေ့ကလို ရင်ခုန်လို့ကောင်းနေတုန်းရယ်။ ဒီကြားထဲမှာ ထူးထူးခြားခြားဖြစ်ရပ်ဆိုလို့ မီယောင်းနဲ့ ဟိုဆော့လည်း အတွဲဖြစ်သွားတာရယ်၊ ဟိုတယ်မှာ ဂျုံးဂု အရင်ကထက်ပိုပြီး ဝန်ထမ်းတွေကို ဟောက်လာတာရယ်သာ ရှိသည်။အဟဲ... ဒီနေ့ကတော့ ရည်းစားဖြစ်ပြီး ပထမဆုံး ဒိတ်မယ့်နေ့ပေါ့...။ အွန်းဘီ မနက် အစောကြီးနိုးနေမိသည်။ ပိတ်ရက်မှာ ယွန်းဂီနဲ့ လျှောက်လည်မယ်ဆိုပြီး ချိန်းထားတော့ ပြင်ရ၊ ဆင်ရမယ်လေ။ မနက်၇နာရီလောက်ထဲက ထကာ ရေမိုးချိုး၊ ခေါင်းလျှော်ပြီးပြီ။
"ဒါမျိုးဆို ဇွဲက ရှိတယ်""Power of Love လေကွယ်"
မီယောင်းက ရွဲ့သလိုလိုပြောနေသဖြင့် အွန်းဘီလည်း တစ်ခွန်းသာ ပြန်ပြောလိုက်တော့သည်။ သူတို့အတွဲကျ အကဲမပိုတာကျလို့။ မတွဲခင်ကတည်းက ကလူလို့ကောင်းနေကြပြီး ခုမှ သူများအတွဲကို လာဂျေနေတယ်။ဘာဝတ်ရမလဲရွေးရတာက ၄၅မိနစ်လောက် ကြာသွားသည်။ ခါတိုင်းဆို ဟိုတယ်က uniformနဲ့မို့ သိပ်ကရိကထမများ။ တကယ်ဆို ဘာဝတ်မယ်၊ ညာဝတ်မယ်ဆိုပြီး အရမ်းကြီး စဉ်းစားနေစရာတော့မလို။ ယွန်းဂီက သူမ အိမ်နေရင်း pajamaနဲ့ထွက်လာတောင် လှတယ်ပဲ ပြောမှာဆိုတာကိုလည်း သိနေသည်။ ဒါပေမယ့်လည်း ကိုယ့်ချစ်သူရှေ့တော့ အလှဆုံးဖြစ်ချင်ကြတာ မိန်းကလေးတိုင်းရဲ့ သဘာဝပဲဟာ။ နောက်ဆုံးတော့လည်း အကြိုက်ဆုံး ရှပ်အင်္ကျီ ဗေဒါရောင်လေးနှင့် ဂျင်းဘောင်းဘီကိုသာ တွဲဝတ်လိုက်သည်။
အဝတ်အစားရွေးလို့ ရပြန်တော့ ပြီးပြီလားဆိုရင် မပြီးသေးဘူး။ ဆံပင်ကို ဖားလျားပဲ ချရမလား၊ ponytailလေး စီးမလား၊ ဒါမှမဟုတ် ကလစ်၊ ဘီးကုတ်လေးပဲ တပ်ရမလား ထပ်စဉ်းစားရပြန်သည်။ မှန်ရှေ့မှ မျိုးစုံလုပ်ကြည့်နေတာကို မီယောင်းက လာကြည့်ပြီး နှာခေါင်းရှုံ့ပြသွားသေးသည်။ အဲ့လိုနဲ့ ဆံပင်ကို မိနစ်နှစ်ဆယ်လောက် နည်းမျိုးစုံလုပ်ကြည့်ပြီးနောက် ဖားလျားချပြီးသာ ထွက်လာလိုက်တော့သည်။ အွန်းဘီဆံပင်က ပုခုံးကျော်ရုံလေးဆိုတော့ တန်ဆာပလာတွေ အရမ်းဆင်လိုက်ရင်လည်း ရှုပ်သွားမည် စိုးရသည်လေ။