Ch. 003

4.2K 462 12
                                    

(Unicode)


အခန်းအပြင်သို့ ထွက်သွားသည့် ခြေသံတို့တိတ်ဆိတ်သွားသည်နှင့် ဟာယွန်း ပင့်သက်တစ်ချက်ကို ရှိုက်လိုက်မိသည်။ မျက်လုံးကို ဖြည်းညင်းစွာဖွင့်ကြည့်လိုက်တော့ သူမအား လျော့ရဲသော အပြုံးတို့ဖြင့် ငေးကြည့်နေသည့် ဂျီမင်။ သူ့ မျက်ဝန်းများသည် ဆွေးရိပ်သမ်းနေသည်။


"ဂျီမင်... ငါ လမ်းပြန်လျှောက်နိုင်မှာလား"

"50/50ပဲ...။ တစ်သက်လုံး မလျှောက်နိုင်တဲ့အထိတော့ မဖြစ်ပါဘူး... ဒါပေမယ့် မြန်မြန်ပြန်လျှောက်နိုင်မလား၊ ကြာမလားဆိုတာကတော့ နင့်အပေါ်ပဲ မူတည်မှာ"

"ငါ ဆုံးဖြတ်လိုက်ပြီ..."

"အင်း... ဘာကိုလဲ"

"ငါ... ပြန်ကောင်းကောင်း မကောင်းကောင်း... ယွန်းဂီနဲ့ ကွာရှင်းသင့်ရင် ကွာရှင်းရမယ်လို့..."


အံသြမင်သက်မှုတို့ကို ဂျီမင်၏ မျက်နှာပေါ်တွင် အတိုင်းသား မြင်နေရသည်။ အံသြမည်ဆိုပါကလည်း အံသြလောက်စရာပင်။ယွန်းဂီသည် ဟာယွန်းအတွက်တော့ ချစ်ရသူမလား...။ ယွန်းဂီ၏ အချစ်ကို မမျှော်လင့်ခဲ့သော်လည်း မည်သည့်ကိစ္စကိုမဆို အဆုံးစွန်ထိ နားလည်သည်းခံပေးမည်ဟု သူမ ဆုံးဖြတ်ထားခဲ့သည်ကို ဂျီမင် အသိဆုံးဖြစ်သည်။


"အခု ချက်ချင်းလား...?"

"သူလား ငါ့ကို အခု ကွာပေးမှာ...။ အခြေအနေ တစ်ခုထိ စောင့်ရဦးမှာပဲ... ပြီးတော့ ငါ့ကို ကားနဲ့တိုက်တဲ့ကိစ္စရဲ့ နောက်ကွယ်ကလူကို ငါအရင် သိအောင်လုပ်ရဦးမယ်"

"ရဲဘက်ကလည်း ဘာမှ မဆက်သွယ်ဘူး"

"ဂျီမင်..."

"အင်း...?"

"ငါ နင့်ကို ပြောသင့်တယ်ထင်လို့"

"ဘာကိုလဲ"

"ကားတိုက်တဲ့နေ့က အဲ့နားကို ရောက်လာတဲ့ လူတစ်ယောက်ရှိတယ်"

"ဘယ်လို ဘယ်လို... အဲ့လူကို နင်မှတ်မိလား"

"ဟင့်အင်း... အဲ့လူက ငါ့ကို ကယ်တယ်ပဲ ပြောရမလား... ကူတော့ ကူညီသွားတယ်...။ ဒါပေမယ့် သူက ငါ့ကို ကယ်ဖို့ ငါ့ဆီလာတာ မဟုတ်ဘူး"

"ငါ နားလည်အောင် ပြော"

"ငါ့အထင်... ငါ သေ မသေကို checkလုပ်ဖို့ လာတဲ့သူလို့ ထင်တာပဲ...။ ငါ မသေသေးရင် အခြေအနေအရ တစ်ခုခု အသေသတ်တာပဲ ဖြစ်ဖြစ် လုပ်ရမယ့် သဘောမှာ ရှိနေတာ။ ဒါပေမယ့် သူ မသတ်ဘူး... အရေးပေါ်ဖုန်းကိုတောင် ခေါ်ပေးသွားတယ်"

Only Then  ✔Where stories live. Discover now