Ch. 017

2.5K 255 11
                                    

(Unicode)


ပတ်ဂျီမင်က ဘာလို့မပြန်သေးတာလဲ...။

ယွန်းဂီ မင်ဟယ်ဂျူနဲ့ တွေ့ပြီး ပြန်လာလာချင်းပင် ဟာယွန်းကို ဂျီမင်နဲ့ တွဲပြီးတွေ့လိုက်ရသဖြင့် နည်းနည်းတော့ စိတ်ကွက်မိသွားသည်။ ပြီးမှ ဟာယွန်းကို ဂျီမင်နဲ့ သူကိုယ်တိုင်ထားခဲ့မိတာဖြစ်မှန်း သတိရလိုက်သည်။ ဒီနေ့ကျမှ ဟာယွန်းက သူငယ်ချင်းထက်ပိုတဲ့အပြုအမူများဖြင့် ဂျီမင်ကို ပိုပြီး လိုက်လျောနေသယောင်ယောင်။ သူတို့နှစ်ယောက် ရယ်မောစနောက်နေကြသည်ကို ကြည့်ရင်းပင် စိတ်တွေမောလာသည်။


"ဂျီမင်... မင်းပြန်မယ်ဆို ပြန်လို့ရပြီ...။ ဟာယွန်းနဲ့ အတူတူ အဖော်ပြုပေးတာ ကျေးဇူးတင်ပါတယ်"


ယွန်းဂီ အပြုံးတုတစ်ခုကို ဆင်မြန်းရင်း ဂျီမင်ကို ယဉ်ယဉ်ကျေးကျေးဖြင့်သာ နှင်ထုတ်မိလိုက်သည်။ ဂျီမင်၏ တက်ကြွလွန်းနေသော အမူအရာများကို သူသဘောမကျ။ မင်ဟယ်ဂျူကြောင့် စိတ်မကြည်ခြင်းဖြစ်မှာပါဟုသာ ယွန်းဂီ ဖြည့်တွေးမိလိုက်သော်လည်း ရင်ထဲ ဘဝင်မကျသည်မှာအမှန်။


"ဟာယွန်း... သွားပြီနော်"


ဂျီမင် ပြန်ခါနီး ယွန်းဂီကိုပင် ကျော်ခွကာ ဟာယွန်းကို နှုတ်ဆက်နေသဖြင့် တော်တော်မြင်ပြင်းကပ်လာမိသည်။ ရည်းစားလူလု အူနုကျွဲခတ်ဆိုတာ ဒါမျိုးနေမှာ...။ ယွန်းဂီ တော်တော်ကို ခံရခက်နေသည်။ အရင်က ဂျီမင်ဘက်က ဂရုစိုက်မှုပိုခဲ့သည်များရှိသော်လည်း ဟာယွန်းက သူငယ်ချင်းထက်မပိုခဲ့မှန်းသိ၍ ယွန်းဂီ စိတ်ချနိုင်ခဲ့သေးသည်။ အခုတော့ အနေအထားက အရင်ကနဲ့ အကုန် ဆန့်ကျင်ဘက်တွေ ဖြစ်နေပြီ။


"ရှင် ဒီနေ့ အလုပ်အဆင်ပြေခဲ့လား"

"အင်း... ပြေပါတယ်"


အိမ်ခန်းထဲအရောက် ဟာယွန်းက သူ့ကို စကားစလာသောကြောင့် ယွန်းဂီ လေသံမှန်မှန်ဖြင့်သာ ဖြေလိုက်မိသည်။ ဆွန်းဟာယွန်းကို သူ့ဆီ စိတ်ပြန်လည်အောင် လုပ်နိုင်မယ်ထင်ခဲ့တာ အခုတော့ ပွဲက တစ်ဖက်ကိုအလေးသာသည့်ဟန်တွေ မြင်ရစပြုလာသည်။


"မင်း ဂျီမင်ကို ကြိုက်နေပြီလား"


ကွေ့ဝိုက်တတ်သူ မဟုတ်သည့်အလျောက် ယွန်းဂီ သူသိချင်သည်ကိုသာ တဲ့တိုးမေးလိုက်သည်။ ဟာယွန်းအကြည့်တို့က သူ့ဆီမှာမရှိသောကြောင့် သူမရှေ့တွင် ပိတ်ရပ်ကာ ထိုမေးခွန်းကိုပင် သူ ထပ်မေးမိလိုက်သည်။


"ကိုယ်မေးနေတယ်လေ... မင်း ပတ်ဂျီမင်ကို ကြိုက်နေပြီလားလို့"

Only Then  ✔Where stories live. Discover now