Ch. 007

3.2K 332 13
                                    

(Unicode)


သူမ သွားရတာ ပင်ပန်းမည်စိုးသဖြင့် နီးနီးနားနား mini martလောက်သာ သွားရန် ဂျီမင်ပြောသော်လည်း ဟာယွန်းက လက်မခံ။ သူမ လိုချင်သည့်အရာများက ထိုmartလောက်နှင့် မရဟုဆိုသောကြောင့် သူမအိမ်နှင့် အနီးဆုံး shopping mall ဆီသို့သာ ခေါ်သွားလိုက်သည်။ ဟိုရောက်တော့လည်း mallထဲတွင် ဂျီမင်က ဝှီးချဲတွန်းပေးမည်ဆိုတာကို လက်မခံဘဲ သူ့ဘာသူ လက်နဲ့တွန်းပါမည်ဆိုကာ ဂျီမင်ကို လက်တွန်းလှည်း ဆွဲခိုင်းပြန်သည်။


"ဒါ ယူမယ်"

"ဒါလည်း ထည့်ဦး"

"ဟို စင်ပေါ်ကဟာ ငါမမှီဘူး နင်ယူပေးဦး"


ပါးစပ်ကလေးဖြင့် ခိုင်းစားနေလိုက်တာမှ ဂျီမင် နားချိန်ပင် မရ။ တွန်းလှည်းအကြီး ယူလာတာတောင် ပြည့်တော့မယ် သူမ လိုချင်တာတွေလည်း မကုန်နိုင်သေး။

အဲ့ဒီပစ္စည်းအပြည့်နဲ့ တွန်းလှည်းလည်း ဆွဲရ၊ ဝှီးချဲနဲ့သွားနေရတာတောင် လှစ်ခနဲဆို ဘယ်ရောက်ရောက်သွားမှန်း မသိသော ဟာယွန်းကိုလည်း မျက်ချေမပြတ်ကြည့်နေရသေးသည်။ ဒါတောင် သူမ လိုချင်တဲ့ဟာ သူမမှီတဲ့ နေရာမှာ ရှိကြည့်ပါလား... ယူပေးပါဦးလို့ ပြောပြီးပြီးချင်း အဲ့ဒီအနား အချိန်မီမရောက်လို့ တန်းမယူပေးနိုင်ရင်လည်း ကြာတယ်ဆိုပြီး မျက်စောင်းကထိုးသေးတာ။


"ကဲ မယ်မင်းကြီးမ... တော်ပြီလား"

"ဟီး တော်ပြီ... cashier ကို ဒိုးတော့"


ပစ္စည်းမျိုးစုံဖြင့် ပြည့်နေသော လှည်းကို ကြည့်ကာ ဂျီမင် မေးလိုက်ခြင်းပင်။ ဟာယွန်းကတော့ လိုချင်တာအကုန်ရသွားလို့ စိတ်ချမ်းသာသွားသည့် ကလေးတစ်ယောက်လို ပြုံးပျော်လျက်။ သူမ ပျော်တော့ သူလည်း ပျော်သည်လေ။ ထိုပျော်ရွှင်မှုအပြင် သူမနှင့်အတူ shoppingလေးပင် တူတူလိုက်မထွက်ပေးနိုင်ရကောင်းလားဟုတွေးမိတာ မင်ယွန်းဂီကို ဒေါသပင်ထွက်မိသွားသည်။

ငွေရှင်းပြီး car parkingဆီသွားတော့လည်း ဂျီမင်မှာ သူမ ဝယ်သမျှ အထုတ်တွေ ဆွဲရပြီး မနိုင်မနင်းတွေ ဖြစ်နေပြန်သည်။ ဒါကို ဟိုကလေးမက သဘောတွေကျပြီး ရယ်နေသေးတာ။


"ဂျီမင်... ငါ ဒီနေ့ ပျော်တယ်သိလား...။ နင့်ကို အဲ့လို မနှိပ်စက်ရတာ ကြာပြီ"


သူ့ကို စိုက်ကြည့်ကာ မျက်လုံးလေးတွေ မှိတ်တဲ့အထိ ပြုံးပြီး ပြောလာသော သူမ၏စကားကြောင့် ဂျီမင်ကြည်နူးမိသည်။ သူမသာ ယွန်းဂီကို စိတ်မဝင်စားခဲ့ဘူးဆိုရင်၊ လူကြီးတွေ စီစဉ်သည့် မင်္ဂလာပွဲသာ မရှိခဲ့ရင် ဟာယွန်းကို သူပိုင်ဆိုင်ခွင့်ရမှာဟု ရင်နာနာနှင့်ပင် တွေးမိသည်။

Only Then  ✔Where stories live. Discover now