Ch. 009

2.9K 289 2
                                    

(Unicode)


ကုမ္ပဏီသို့ ဝင်လိုက်သည်နှင့် အရပ်လေးမျက်နှာမှ မျက်လုံးများသည် မိမိအပေါ် စုပုံကျလာသလို ဟာယွန်း ခံစားလိုက်ရသည်။ ဝှီးချဲပေါ်ရှိ မိမိခန္ဓာကိုယ်လေးတောင် ကျုံ့ဝင်သွားသလိုလိုပင်။

တစ်ချိန်ကတော့ ဒီတံခါးပေါက်ကနေ အကြိုက်ဆုံးသော heelsလေးများစီးကာ ကြော့မော့စွာ ဖြတ်လျှောက်ခဲ့ဖူးသည်။ အခုတော့ ယွန်းဂီတွန်းပေးတဲ့ ဝှီးချဲပေါ်မှာ...။ သိမ်ငယ်သည်ဟု မဆိုချင်သော်လည်း အနည်းငယ်တော့ အားငယ်မိတာအမှန်။

အရင်က မိမိ၏ လုပ်ရည်ကိုင်ရည်အပေါ် အားကျအထင်ကြီးခဲ့သောအကြည့်များနေရာတွင် သနားဂရုဏာသက်သည့်အကြည့်များ အစားထိုးဝင်ရောက်လာသည်။ accidentတစ်ခုကြောင့် ဒီလိုအခြေအနေဖြစ်ခဲ့ရုံဖြင့် သူမ ဘဝသည် ယခုလို သနားစရာကောင်းသွားပြီတဲ့လား... လူကြားထဲ ပြန်ထွက်နိုင်ဖို့ ဘယ်လောက်ထိ အားတင်းခဲ့ရလဲ သူမသာလျှင် အသိဆုံးဖြစ်သည်။


"ယွန်းဂီ... ကျွန်မက ရှင့်ရုံးခန်းထဲမှာ အလုပ်လုပ်ရမှာလား"


သူမ၏ စကားသံတို့သည် လိုတာထက်ပို၍ အားအင်ချိနဲ့နေသည်။ အင်းပေါ့... သူမက လူမမာပဲလေဟူသည့်အတွေးတို့ ဝင်လာလေ စိတ်ဓာတ်ကျချင်လေတွေ ဖြစ်နေသည်။


"ကျွန်မ နေပြန်မကောင်းသေးလို့ ဒီမှာပဲ နေခိုင်းတာလို့ ရှင်မပြောနဲ့နော်... ကျွန်မ နေကောင်းနေပြီ။ လမ်းမလျှောက်နိုင်သေးတာပဲ ရှိတာ"


ဟာယွန်း သူမ၏ ငြိမ်သက်နေသော ခြေထောက်လေးများအား ငုံ့ကြည့်ရင်း ပြောလိုက်မိသည်။ သူမ ကြိုးစားပြီး လှုပ်ကြည့်သော်လည်း မည်သည့်ခံစားမှုကိုမှ မသိရသည့်အပြင် နည်းနည်းလေးတောင်လှုပ်မလာခဲ့။


"နေမကောင်းလို့ မဟုတ်ဘူး... မင်းကို ရာထူးတိုးပေးလိုက်တာ"

"ဘာရယ်..."

"ဟုတ်တယ်။ အရင်က မင်းက ဒီcompanyရဲ့ ရှေ့နေ... အခု ကိုယ့်ရဲ့ personal business advisor ဖြစ်သွားပြီ"


ဒီ မင်ယွန်းဂီ အခုတလောမှ ဘာတွေဖြစ်နေတာလဲဟုသာ ဟာယွန်းတွေးလိုက်တော့သည်။ ပါးစပ်ထဲရှိတဲ့ရာထူးပြောပြီး လူကို အလုပ်ခန့်လိုခန့်... သူ့စကားတွေကို အထအနကောက်လိုက်တိုင်း အဓိပ္ပာယ်နှစ်ခွတွေချည်း ထွက်ထွက်လာသည်။ ပုံမှန်မဟုတ်တာတော့ အမှန်ပင်။


"ဟာယွန်း... မင်း accidentဖြစ်တုန်းကလေ တစ်ခုခု ထူးခြားတာများ ကြုံခဲ့ရသေးလား"

Only Then  ✔Where stories live. Discover now