Ch. 014

2.5K 282 29
                                    

(Unicode)


သူမရဲ့ တိတ်ဆိတ်နေမှုက တစ်စုံတစ်ယောက်အတွက် အဲ့ဒီလောက်ထိ ဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မည်ဟု ဟာယွန်း ဘယ်တုန်းကမှ မတွေးထားခဲ့။ စကားလုံးတွေက ရင်ထဲ ပြည့်လျှံနေခဲ့သော်လည်း နှုတ်က တစ်ခွန်းမှ ထွက်လာခြင်းအလျှင်းမရှိ။ ရှေ့တည့်တည့်မှ သူမအား မမှိတ်မသုန်စိုက်ကြည့်နေသည့် ထိုလူသားကို မေးချင်သည့် မေးခွန်းများစွာ ခေါင်းထဲမှာ ပြေးလွှားနေသည်။ ခက်သည်က လူက အာစေးကပ်ထားသလို ဖြစ်နေပြီး စကားစရန်ပင် ခက်ခဲနေသည့် အခြေအနေ။

ဟာယွန်း အကြိမ်ကြိမ်အခါခါ စဉ်းစားတိုင်း မရခဲ့သည့်အဖြေက အစောကြီးထဲက ယွန်းဂီဆီမှာ ရှိနေမှန်းသိခဲ့ပါလျှင် သူမ ကိုယ့်ကိုယ်ကို စိုးစဉ်းမျှ စိတ်အပင်ပန်းခံတော့မည်တောင် မဟုတ်။ သူမ နှုတ်ဆိတ်နေလို့ မရသည့် အနေအထားမှန်း သဘောပေါက်လိုက်သည်နှင့် ပြောရမည့်စကားတို့အတွက် ဟာယွန်း အားယူလိုက်သည်။


"ရှင်က... ဘာတွေများ သူတို့အပေါ် အဲ့လောက်ထိ အမှားလုပ်ခဲ့တာမို့လို့လဲ"

"စီးပွားရေးအရ တစ်ယောက်နဲ့တစ်ယောက် ဦးရာလူ ထိပ်ကွက်ကြတာမျိုး ရှိပေမယ့် မင်းကို ထိခိုက်ရလောက်အောင်အထိ သူတို့အပေါ် ကိုယ်မမှားခဲ့တာတော့ သေချာပါတယ်"


အသက်ကိုပင် ဆုံးရှုံးရမလို ဖြစ်ထားခဲ့တဲ့လူတစ်ယောက်က ဒီမရေရာ မသေချာတဲ့ စကားကို အဖြေအဖြစ် ပြန်ရတယ်ဆိုတာ အားတက်စရာ အနေအထားတစ်ခုတော့ မဟုတ်။ ပြန်ဖြေပေးလို့သာ အားနာတဲ့အနေနဲ့ အကြောင်းပြချက်တစ်ခုလို့ မှတ်ယူပေးရမယ်ဆိုရင်တောင် တော်တော်ချာတဲ့ အကြောင်းပြချက်လို့ သူမ ခေါင်းစဉ်တပ်ရမှာပဲ။ ဒီလို ဘာမှန်းမသိတဲ့အမှန်တွေထက်စာရင် ကားတိုက်ကတည်းက တစ်ခါထဲပွဲချင်းပြီးသွားရင်တောင် အကောင်းသားဟုပင် ဟာယွန်း တွေးမိသည်။


"ရှင့်ဇနီးဖြစ်နေတာနဲ့ပဲ ကျွန်မက သေပေးရမယ်ဆိုရင်တော့ တရားခံစာရင်းထဲမှာ ရှင် မယားငယ်ထားဖူးတဲ့မိန်းမကို ကြံရာပါလို့ ထည့်စွပ်စွဲရင် ကျွန်မ မလွန်ဘူးမလား"


ဘာကြောင့် ယွန်းဂီက သူမကို အံ့သြသည့်ပုံစံနှင့် ကြည့်နေရပြန်တာလဲ။ ဟာယွန်း သူမကို အဲ့လိုကြည့်လာသည်ကို လုံးဝမနှစ်သက်။ သူမသည် ယွန်းဂီ ပြောလာသည့်စကားပေါ် မူတည်ပြီး ဖြစ်နိုင်ချေအရှိဆုံးသော ကောက်ချက်တစ်ခုကို ချလိုက်ခြင်းဖြစ်သည်။ ပုံမှန်ပြိုင်ဘက်ကုမ္ပဏီတစ်ခု ဖြစ်နေရုံနဲ့ ဒီလောက်ထိ သူမအပေါ်ထိခိုက်ရန်မလိုဟု တွေးမိရုံလေးသာ။ ဟာယွန်းက ယွန်းဂီနဲ့ အလုပ်တူတူလုပ်တယ်ဆိုပေမယ့် သူ့ကို အရမ်းအောင်မြင်စေလောက်တဲ့ ရာထူးမျိုးလည်း မဟုတ်။ လင်ယောက်ျားကို အရမ်းsupportingပေးနိုင်နေတဲ့ မိန်းမမို့လို့ တည်ကြက်ဖြစ်သွားတယ်ဆိုရင်တောင် ခံသာသေးတယ်... အခုဟာက သူတို့လုပ်ကြံမှ ယွန်းဂီက သူ့ကို အဖက်လုပ်လာတာလေ။


"ကိုယ်လည်း မင်းလိုပဲ သံသယဝင်နေခဲ့တာ"


ဒီတစ်ခေါက်တော့ မင်သက်သွားရသူက ဟာယွန်းပင်။ ရမ်းပစ်လိုက်တာ တည့်တည့်မှန်သွားတယ်ဆိုတဲ့ သဘောကြီးလား...။ ဒီအတိုင်း စိတ်ထဲထင်တာ ပြောလိုက်တာက မှန်သွားလိမ့်မည်ဟု လုံးဝမထင်မှတ်ခဲ့။ ပြီးတော့ မင်ယွန်းဂီက ဒါကို သိနေခဲ့တာလား... အချိန်များစွာ ချိုးနှိမ်ထားခဲ့သည့် မာနတို့က ချက်ချင်းဆိုသလို ထောင်တက်လာသည်။


"ရှင်ပြောချင်တာက ရှင့်ရဲ့ဟိုအဆက်ဟောင်းမ..."

Only Then  ✔Where stories live. Discover now