Ch. 018

2.2K 235 11
                                    

(Unicode)


သူကိုယ်တိုင် ရွေးချယ်ပေးထားသည့် အပြာရောင်ဝတ်စုံလေးဖြင့် လှချင်တိုင်း လှနေသည့် ဟာယွန်းကို ကြည့်ကာ သူပြုံးမိသည်။ အခွေလေးတွေ လိပ်ထားသည့် ဆံပင်ကို တစ်ဝက်စုစည်းကာ ကျန်တစ်ဝက်ကို ပုခုံးပေါ်မှာ ဒီတိုင်းလေးချထားသည်။ ဝှီးချဲပေါ်မှာ ထိုင်နေရခြင်းနှင့် သူမမျက်နှာပေါ်တွင် အပြုံးများတည်ရှိမနေခြင်းကလွဲရင် သိပ်ကိုကျက်သရေရှိတဲ့ မိန်းမလှတစ်ယောက်အဖြစ် ပွဲထက်မှာ တင့်တယ်နေမည်မှာအမှန်။


"တကယ်ဆို ဒီလောက်ထိ ပြင်ဆင်ဖို့မှ မလိုတာ... ဝှီးချဲပေါ်က မိန်းမတစ်ယောက်ကို ဘယ်သူမှအရေးတယူ မကြည့်ဘူး"

"ကိုယ်ကြည့်မယ်လေ... ကိုယ့်အတွက် မင်းလှနေဖို့လိုတယ်"

"ကျွန်မ မလိုက်ချင်ဘူး"


ပွဲထဲဝင်ခါနီး အပေါက်ဝရောက်မှ မလိုက်ချင်ကြောင်း ပြောရသည်မှာ အဓိပ္ပာယ်မရှိမှန်း ဟာယွန်း သိပါသည်။ သို့သော်လည်း သူမစိတ်ထဲရှိသည်ကိုတော့ ပြောသင့်သည်လေ။


"လိုက်ခဲ့ရမယ်... ကိုယ်မင်းကို ပွဲထုတ်ချင်လို့"


ဟာယွန်း သက်ပြင်းရှည်ရှည်တစ်ခုကို ဆွဲချမိလိုက်သည်။ သူ့ဆန္ဒကို မငြင်းဆန်ရဲလောက်အောင် မင်ယွန်းဂီကို ကြောက်နေမိသည်။ မနေ့က ဖြစ်ပျက်ခဲ့သောကိစ္စများအရ သူမအပေါ်ထားသည့် ယွန်းဂီ၏အတ္တကို ကောင်းကောင်းကြီး နားလည်ခဲ့သည်။ သူ့အချစ်က ပိုင်ဆိုင်ဖို့အတွက်ဆို အနုနည်းရော၊ အကြမ်းနည်းပါ သုံးမယ့် မိုက်ရူးရဲဆန်တဲ့အချစ်မျိုး။

သူတို့စီးပွားရေးလောကရဲ့ လူကြီးလူကောင်းတွေ စုဝေးမယ့် ဒီလိုညစာစားပွဲကို လိုက်ရခြင်းမှာ ဟာယွန်းအတွက် ဒါပထမဆုံးအကြိမ်ပင်။ သူမအကောင်းပကတိရှိနေခဲ့စဉ်ကတော့ သူမနေရာတွင် မင်ဟယ်ဂျူက အစားထိုးပွဲတက်ခွင့်ရှိနေခဲ့သည်လေ။

သူများတကာတွေ ကြော့ရှင်းစွာ မတ်တပ်ရပ်စကားပြောနေကြစဉ် သူမကတော့ ဘီးတပ်ကုလားထိုင်လေးပေါ်မှာ...။ လူတွေရဲ့ ဂရုဏာသက်တဲ့အကြည့်တွေကလည်း သူမအပေါ် ဝဲကျလျက်။


"Ohhhh... ဒါ နာမည်ကျော်လေး ဆွန်းဟာယွန်းမလား"


ပုံမှန်မဟုတ်သည့် မိတ်ဆက်မှုနှင့်အတူ သူမနှင့် ယွန်းဂီအနားသို့ ဝိုင်ခွက်တစ်ခွက်ကို ကိုင်ကာ ရောက်လာသည့် လူတစ်ယောက်ကြောင့် ဟာယွန်း စိတ်ထဲတွင် တစ်မျိုးပင် ဖြစ်သွားမိသည်။


"ဂျောင်ဟိုဆော့ပါ။ မင်းအခုရောက်နေတာ ငါ့ကုမ္ပဏီရဲ့ ဒင်နာပေါ့... ပထမဆုံးတွေ့ဖူးခြင်းပဲနော်... မတွေ့ရတော့ဘူးတောင် ထင်တာ"


ဟာယွန်း ထိုသူ၏စကားအသွားအလာကို သဘောမကျ။ မဟုတ်မှလွဲရော ဒါ ယွန်းဂီ ပြောပြောနေကျ ပြိုင်ဘက်ကုမ္ပဏီရဲ့ ပိုင်ရှင်ဆိုတာများလား...။ ဟာယွန်း စိတ်ထဲမှာအဖြေရသည်နှင့် ယွန်းဂီမျက်နှာကို အားကိုးတကြီးလှမ်းကြည့်လိုက်မိသည်။


"ဟာယွန်း... ဒီနားမှာ ခဏနေခဲ့လို့ ဖြစ်မယ်မလား... ကိုယ် သူနဲ့ စကားခဏပြောလိုက်ဦးမယ်"

Only Then  ✔Where stories live. Discover now