Ep (1)

5.4K 262 32
                                    

အချစ်ဆိုတာ ခင်မင်မှုအပိုင်းအစလေးကနေ အချိန်အရင်းအနှီးတစ်ခုပေါ်အားပြုရင်း သံယောဇဉ်ကြီးထွားလာတဲ့ နှောင်ကြိုးလေးတစ်မျှင်လို့ ကျွန်တော်သတ်မှတ်ထားတယ်...

ရှုပ်ထွေးလွန်းပြီး မအားလပ်တဲ့ schedule တွေကြားကနေ အသက်ကိုဝအောင်ရှူပစ်လိုက်သည်။ ကျွန်တော်တို့အဖွဲ့လေး debutဖြစ်တာ 5နှစ်ကြာသွားခဲ့ပြီ။ တစ်စထက်တစ်စ အောင်မြင်ကျော်ကြားလာတာနဲ့အမျှ ကျွန်တော်တို့မှာ stressတွေပိလာတဲ့အပြင် လူရောစိတ်ပါပင်ပန်းရသည်။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာအရမ်းချစ်ဖို့ကောင်းတဲ့ Aerisလို့ခေါ်တဲ့ကလေးတွေရှိသေးတယ် ။

ဒီနေ့ MCountdownပွဲပြီးတော့ 9ယောက်လုံးပင်ပန်းခဲ့ပြီမို့ dormကိုသာတန်းပြန်လာခဲ့ကြသည်။ ဖြူးနေတဲ့လမ်းမကြီးထက် ကားလေးက ညိမ့်ညိမ့်လေးနဲ့ အိမ်ဟုမဆိုသာသော နားခိုရာဆီသို့...

" Hyung ကျွန်တော်အရမ်းပင်ပန်းနေပြီ လှုပ်ကိုမလှုပ်ချင်တော့ဘူး ဒီနေ့တကယ်ပင်ပန်းတာ''

ဇတ်ကလေး လှန်ချိုးရင်း မျက်နှာငယ်လေးနှင့် oh sehunတစ်ယောက် ဘေးကsuhoကို လှမ်းကြည့်လိုက်သည်

"Hyungပေါ်မှီထားလေ dormရောက်ဖို့က လိုသေးတယ် ''

ကားထဲမှာအပိုဆောင်ထားတဲ့ အင်္ကျီတစ်ထည်ကို ခပ်ထူထူလေးရအောင်ခေါက်ပြီး ပုခုံးပေါ်တင်ပေးထားလိုက်သည်။ ဒီတိုင်း ပုခုံးရိုးကြီးပေါ်မှီရင် ခေါင်းနာတတ်တယ်မလား...

"Wooo တို့hyungကအလိုက်သိတယ် ကားပေါ်ဆိုကျွန်တော်က တစ်ယောက်ယောက်ကိုမှီပြီးမှအိပ်လို့ရတာ ''

ပြောရင်း Suhoပုခုံးပေါ်မှီရင်း လက်ပါတွဲချိတ်ထားပလိုက်သည်။ Sehunဟာအများအမြင်မှာ ရင့်ကျက်လာပြီထင်ရပေမဲ့ ကျွန်တော့်အတွက်လွန်ခဲ့တဲ့traineeကာလတုန်းကလို အထက်တန်းကျောင်းသား ကလေးလေးပဲ ။

"သိပါတယ်တဲ့ဗျာ ခင်ဗျားလေးတစ်ယောက်ပဲ အဲ့လိုလိုက်ကပ်တတ်တာ''

"Shuu အဲ့လိုမပြောရဘူးလေ ဒီမယ်အငယ်ဆုံးလေးက ပင်ပန်းနေတာကို''

နှုတ်ခမ်းကိုဆူရင်း မျက်စိပါမှိတ်ထားလိုက်သေးသည်။

"ဟုတ်ပါပြီ အိပ် အိပ် ''

လေပြေခေါ်တဲ့ မိုးရေစက်[completed]Where stories live. Discover now