လွမ်းလိုက်တာHoshiရယ်
ဘယ်တွေရောက်နေတာလဲကွာ~~~ကျွန်တော်ကိုရီးယားပြန်ရောက်လာတည်းက Hyungကိုမတွေ့ရတာ တစ်ပတ်တိတိရှိသွားခဲ့ပြီ ။ ကျွန်တော်Geဆီသွားတဲ့နေ့တည်းက သူထွက်သွားခဲ့တာလို့ Chanyeol hyungကပြောပြခဲ့သည် ။ Lay hyungကတော့ တွေ့အောင်ရှာနိုင်ခဲ့ပေမဲ့ နောက်တစ်နေ့တည်းက သူ့သူငယ်ချင်းတွေနဲ့ နိုင်ငံခြားကိုခရီးထွက်သွားခဲ့တာ အခုထိပဲ ။ phကိုလည်းစက်ပိတ်ထားတာ များတယ်၊ ခေါ်လို့ရရင်လည်းလုံးဝမကိုင်ဘူး ။ အစိမ်းသက်သက်ကြီး ကျွန်တော်ထွက်သွားခဲ့လို့ အခုအစိမ်းလတ်လတ်ကြီး ကျွန်တော့်ရင်ကိုခွဲနေတာလားHoshi...
ပြန်လာပါတော့Hoshiရယ် ၊ ကျွန်တော့်ကိုလည်း တောင်းပန်ခွင့်လေးပေးပါအုံး ၊ ကျွန်တော့်ကို အသံလေးတော့ကြားခွင့်ပေးပါအုံး ၊ မျက်နှာလေးတောင်မတွေ့ရတာ အရမ်းကြာနေပြီ ၊ ကြာရင် ကျွန်တော်တကယ်ရူးသွားမလားတောင်မသိဘူး ။ အတွေးပေါင်းစုံနဲ့ ချာချာလည်နေတုန်း အခန်းတံခါးကို လာဖွင့်သံကြားရပြီးနောက် အပေါက်ဝမှာ ခရီးဆောင်အိတ်တစ်လုံးကိုဆွဲဝင်လာတဲ့ Suho hyungကိုတွေ့လိုက်ရသည်။ ကျွန်တော်အသက်ရှင်နိုင်ပြီထင်တယ် ။
" hyung ပြန်လာပြီလား ဘယ်တွေလျှောက်သွားနေတာလဲဟင်? ကျွန်တော့်ကိုအကြာကြီး ထားသွားပြီးတော့ ''
" ဘာလို့လဲ...မင်းကျရောရပြီး ကိုယ်ကတော့ ထားသွားပိုင်ခွင့်မရှိဘူးလား ''
အေးစက်စက်မျက်လုံးတွေနှင့် Hoshiပုံက နည်းနည်းတော့ကြောက်စရာကောင်းတယ်လို့ ထင်မိသည်။
" ဟင်? အဲ့လိုမဟုတ်ပါဘူး... ''
Hyungက laggageကိုဗီဒိုဘေးတစ်နေရာသို့ ဖြစ်ချင်ရာဖြစ်ဆိုသည့် သဘောမျိုးဖြင့် အားနှင့်တွန်းလိုက်သည်။ တစ်ခါမှမမြင်ဖူးတဲ့ Hyungအပြုအမှုက အနည်းငယ်အောင့်သက်သက်ဖြစ်စေသည်။
" ဘာဖြစ်လို့လဲHoshi... ကျွန်တော့်ကိုစိတ်ဆိုးနေတာလား..ကျွန်တော်လေ ''
Suhoက လက်တွေကိုလာကိုင်တဲ့ Sehunလက်ကိုပုတ်ချလိုက်သည်။
" ပင်ပန်းနေလို့... ရေချိုးချင်နေပြီ ''

ВЫ ЧИТАЕТЕ
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Фанфикခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...