ရေချိုးခန်းထဲက ရေသံကြားနေရသည်။ Sehunနိုးနေပြီ ထင်တယ် ။ အဲ့ကလေးက မနက်နိုးတာနဲ့ ဆောင်းတွင်းဖြစ်ဖြစ် နွေပဲဖြစ်ဖြစ် ရေအရင်ချိုးတတ်တဲ့ အကျင့်လေးရှိတယ်လေ ။ သူက မသိမသာနဲ့ အတော်လေး အသန့်ကြိုက်တတ်တဲ့ကောင်လေး...
"Suho Hyung ထတော့လေ ကျွန်တော်တောင်ရေချိုးပြီးပြီ ထတော့...''
"Omm.... ခဏပဲ ခဏပဲထပ်မှေးချင်သေးလို့''
"အောဟောလ်... ဒီကလေးက စကားနားမထောင်ဘူးပဲ ''
"လူကြီးကိုများ ဘာကလေးလဲ?''
ပြောပြောဆိုဆိုနဲ့ sehunလက်ကိုဆွဲချကာ သူ့ရင်ခွင်ထဲ ကျွန်တော်ဝင်ခိုနေလိုက်သည်။ လက်ကလည်း sehunခါးကိုဖက်ထားပြီး ခွပါခွထားလိုက်သေးသည်။ ဟင့် ဒီကလေးကိုဒီလိုအပြစ်ပေးရမယ် ။
"ဟာဗျာ Hyung! ညစ်ပတ်တယ် ရေလည်းမချိုး မျက်နှာလည်းမသစ်ရသေးဘဲနဲ့ နံတယ် နံတယ်''
"Imm နံရင် ပိုတောင် ကပ်ထားရမယ်''
"တော်ပါ တော်ပါ ညစ်ပတ်အိုးကြီး အော့....''
အန်ချင်တဲ့ပုံလေးကိုလုပ်ပြနေတယ်ထင်ပါ့ ။ သူ့ရင်ခွင်ထဲကနေ ကျွန်တော်ပုံဖော်လ့ိုရနေသည်။
"Hun ya... ခဏလေးပါ ဒီတိုင်းခဏလေး.. နော်?''
Sehun ငြိမ်ကျသွားသည်။ hyungလည်းပင်ပန်းနေမှာ သူနားလည်သည်။ ခုတလောအခွေသစ်ထွက်တာနဲ့ အကုန်လုံးပင်ပန်းနေကြတာ မှန်ပေမဲ့ hyungက ပိုဒဏ်ခံရတယ်မဟုတ်လား... အင်းပါ သူနားပါစေ ဒီလိုလေးနေရတာ သူအဆင်ပြေတယ်ဆိုရင်ပေါ့ ။
3min.... 4min....5min
ကျွန်တော် ခုနောက်ပိုင်း Sehunကိုတွယ်တာလွန်းနေသည်ကို သတိထားမိနေသည်။ traineeကာလအပြင် debutခဲ့တာ ၅နှစ်တာကာလအကျော်တောင် ရောက်လာပြီမို့ သံယောဇဉ်တွေကပိုခိုင်မာလာတာလား ပိုရင်းနှီးချင်လာတာလားမသိပေမဲ့ တခါတလေ ရင်တွေတုန်နေတတ်တာကြီးကတော့ အဆင်မပြေဘူးရယ် ။ အခုလို သူ့ကိုယ်သင်းနံ့ရတဲ့အခါမျိုး.... Blueberryအနံ့ပြေပြေလေး....
ကျွန်တော် ဒီအနေအထားကနေ ခွာတော့မှဖြစ်တော့မည်။ ဒီနေ့ scheduleတွေကအပြည့်မလား တော်နေကြာ ဟိုအရင်တုန်းကလို တနေကုန်ရင်တွေတုန်ပြီး စင်ပေါ်မှာကကွက်တွေမှားကုန်မှဖြင့် ဝါရင့် traineeသမားကြီး ကိုယ်ကျိုးနည်းကချည်ရဲ့ ။
YOU ARE READING
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanfictionခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)