Album အတွက် promotion ကာလအပြီး Concertအသစ်မစခင် 1လအကြာ စပ်ကြားကာလအတွင်း ကျွန်တော်တို့အတွက် အားသစ်မွေးဖို့ private 3ရက်ရရှိရေးအတွက် CEOထံခြေသလုံးဖက်မတက် တောင်းဆိုခဲ့ရသည်။ မဟုတ်ရင် memberတွေအရုပ်ကြိုးပျက်ဖြစ်ကုန်မည့် အနေအထား။
နားရက်မို့ အသားအရေလှချင်တဲ့ Sehunရော အရပ်ရှည်ချင်တဲ့ကျွန်တော်ရော ညကစောစောအိပ်ပြီး မနက်လည်းနောက်ကျမှ အိပ်ရာထဖြစ်သည်အထိ အိပ်ရေးဝဝအိပ်ပစ်လိုက်သည်။ ဒီလိုစည်းစိမ်မျိုးမခံစားရတာ ကျွန်တော်တို့အတွက် နှစ်နဲ့ချီကြာခဲ့သည့်အလား အိပ်ခန်းတွင်းမှ တစ်ယောက်တစ်လေမှ ထွက်မလာကြသေးဟန်တူသည်။ ကျွန်တော်ရေချိုးပြီးပြန်ထွက်လာတော့ ကော်ဖီနံ့ပြေပြေလေးက စိတ်ကိုနူးညံ့သွားစေသည်။ အဖြူရောင်မွေ့ရာထက်မှာ T shirtအဖြူရောင်ပွပွ အနက်ရောင်အားကစားဘောင်းဘီရှည်ကိုဆင်မြန်းလျက် ဖုန်းကိုစိတ်ဝင်တစားကြည့်ရင်း ကော်ဖီလေးနဲ့ ဇိမ်ယစ်မူးနေသော မြေမနင်းသားသူဌေးသားက မသင်္ကာစရာ ပြုံးဖြီးနေသည်။
ကျွန်တော့်ကိုတွေ့တော့ aircon remoteယူပြီး တစ်ခုခုနှိပ်လိုက်ပုံရသည်။
"အငယ်လေး ခြေဖျားကပေါ်နေတယ် စောင်လေးဘာလေးအုပ်ထား မင်းကairconကျအေးစိမ့်နေအောင်ဖွင့်တာ ''
"Yes sir ''
ပြောလိုက်တော့လည်း စောင်လေးကောက်ခြုံရှာတယ် တည်ငြိမ်နေတဲ့နေ့ဆိုရင် စကားတော့နားထောင်သား ။ သူ့ပြောရင်း ကိုယ်ပါအေးလာသည် ။ airconကအေးတာနဲ့ ရေပါချိုးထားတာနဲ့ လေဖျက်သွားမှာတောင်စိုးရသည်။ ဗီဒိုထဲရှာကြည့်တော့ Shirt လက်ရှည်လေးနဲ့တွဲဝတ်ဖို့
ဘောင်းဘီရှည်ရှာတော့ မတွေ့ ။ ဗီဒိုကလည်းရှင်းလေ့ရှင်းထ မရှိတော့ ဆက်ရှာချင်စိတ်မရှိအောင် သပ်ရပ်လွန်းသည်။
" Sehun ya မင်းဆီမှာ ဘောင်းဘီရှည်ရှိတယ်မလား ငါ့မှာမတွေ့လို့''
"Immm ဖြစ်ပြီ! ! အစတည်းကရှင်းပါလို့ ကျွန်တော်ပြောသားပဲ စည်းကမ်းကိုနည်းနည်းမှမရှိဘူး''
"Hunလေးကလည်း heee... hyungကမအားလို့ပါဆို hunလေးဆီကခဏယူဝတ်မယ်နော် နော်လို့''
"မဝတ်နဲ့ပြောလည်း ရလို့လား?''
"Heeeeez အာ့ကြောင့် အငယ်လေးက ချစ်စရာလေးပါဆို တကယ်''
VOCÊ ESTÁ LENDO
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanficခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)