မိုးရေချိုးထားတဲ့ မြေနံ့သင်းသင်းလေးကို ကျွန်တော်ကြိုက်တယ်။ အလိမ်အညာကင်းစင်ပြီး ရိုးရှင်းတယ်၊ ပြေပြစ်တယ် အရိုင်းမဆန်ဘူး ၊ ဘယ်အချိန်ဖြစ်ဖြစ် အတွေးနဲ့ရနံ့ခံလို့ရအောင်ထိ ဆွဲဆောင်မှုရှိတယ် Suho hyung လိုပဲ....
Sehun
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" Hyungလေး... hyungသေးသေးလေး... ပုစိကွေးလေး..ဟိတ် Hoshi အိပ်ရာထတော့လေ shootingရှိသေးတယ်မလား ဟိတ်....''
ကလေးတစ်ယောက်ကို ချော့မြူနေသလို ~~
နေ့တစ်နေ့ရဲ့ နိုးထခြင်းအစဟာ ပါးပြင်ပေါ်ကနွေးထွေးမှုတစ်ခုနဲ့ပဲ သိမ်သိမ်မွေ့မွေ့ အစပြုလေ့ရှိတယ်။ Japanပွဲပြီးပြီးချင်း ညတွင်းချင်းပြန်လာတာမို့ ကိုယ်လက်ကိုက်ခဲမှုအချို့ကလည်း မနက်ခင်းကိုအတူနှုတ်ဆက်ချင်သေးတဲ့ပုံပဲ ။ concertရော seriesရိုက်ကူးရေးရော ပြိုင်တူလည်ပတ်နေခဲ့တာ နှစ်လနီးပါးရှိနေပြီမို့ လူကခပ်ရဲ့ရဲ့သာကျန်တော့သည့်အတွက် Sehunကသာဒိုင်ခံ ပါရမီဖြည့်ပေးနေရသည်။
ရေမိုးချိုး မျက်နှာသစ်ပြီးချိန် နာရီကိုလှမ်းကြည့်တော့ သွားဖို့အချိန်နီးကပ်နေပြီဖြစ်လို့ ပြာယာခတ်လာပြန်သည်။ ဂရုစိုက်တတ်တဲ့ချစ်သူက အဝတ်အစားကြိုထုတ်ထားပေးပြီးသား ၊ သယ်သွားနေကြအိတ်ထဲ အားဆေးနဲ့ လိုမဲ့ပစ္စည်းတွေထည့်ထားပြီးသား ၊ ဇာတ်ညွှန်းစာရွက်နဲ့ colour penပေါင်းစုံကို အိတ်အကြည်လေးသပ်သပ်နဲ့ ထုတ်ပေးထားသည်။ စာရွက်တွေကို ကြုံသလိုအိတ်ထဲထိုးထည့်လွန်းလို့ ကျိုးကြေနေတဲ့စာရွက်ပေါင်းမြောက်များစွာကိုကြည့်ရင်း Sehunဆီက အဟောက်ခံရပြီးနောက် သူပဲစနစ်တကျပြင်ပေးတော့သည် ။ ကြည့်ပါလား.. Sehunကတကယ့်ကို ကျွန်တော်ရဲ့ပါရမီဖြည့်ဖက် ။ ချစ်ခြင်းအပြည့်နဲ့ ကလေးတွေ မွေးနေ့လက်ဆောင်ပို့ပေးထားတဲ့
အကောင်းစား leatherဘေးလွယ်အိတ်ကြီးကိုကောက်လွယ်ပြီး shootingအချိန်မှီပြေးရန် အခန်းထဲကထွက်ဖို့အလုပ်..
" Hoshi... မနက်စာမစားတော့ဘူးလား
လူတစ်ယောက်အတွက် အရေးကြီးဆုံးကမနက်စာပဲ.. တနေကုန်သုံးရမဲ့energyကို ဒီမနက်စာကပဲဖြည့်ပေး...''
အရမ်းစကားများတဲ့ လူတတ်ကြီးနှုတ်ခမ်းကို morning kissနဲ့ ပစ်ပေါက်လိုက်သည်။
YOU ARE READING
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanfictionခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)