^^ ကိုကိုတို့ရဲ့အရက်သောက်နည်းလေးမျှပေးလိုက်ပါတယ်အဂျစ်တို့~~နည်းနည်းတိုပေမဲ့ bonusအနေနဲ့ ထည့်ပေးတာပါ သဘောကျလိမ့်မယ်လို့လည်း မျှော်လင့်မိ ^_^
~~~~~~~~~~~~~~~~~~~~~
အိမ်ကြီးရှင်တွေသဘောကောင်းချက်က ရေခဲသေတ္တာထဲစားစရာအပြည့် Wineအစ ဘီယာအဆုံး ရေမီးအစုံဖြည်စားရုံပါ ။
"Baekhyun မင်းသူငယ်ချင်းကမိုက်လှချေလားကွ တကယ့်စေတနာကောင်ကြီးကွာ''
"အဟင်းဟင်း Baekhyunတို့ကမပိုင်ရင် ခြင်တောင်မရိုက်ဘူး ''
"အဲ့တော့ ဒီအိမ်ရဖို့ဘာတွေရင်းလိုက်ရလဲ''
အရိပ်အကဲသိတတ်လွန်းတဲ့ Park Chanyeol အမြင်ကတ်စရာကောင်းအောင် baekhyunအကြောင်းသိလွန်းတယ် ။ ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကိုဂုဏ်ဆာနေရာကနေ ခေါင်းလေးငုံ့လို့
" အဲ့ကောင် မကြာခင်မင်္ဂလာဆောင်တော့မှာ အဲ့ဒါသီချင်းဆိုပေးရမယ် သူဌေးမသိအောင် ''
"ဟားဟား သူဌေးတော့ မင်းတော့ဖြဲပြီသာမှတ် ဟားဟား''
"အခုသူ့အိမ်တောင်ရောက်နေမှတော့ မလုပ်ပေးလို့ကလည်းမဖြစ်ဘူး ဒီလိုတိတ်ဆိတ်မှုနဲ့ facilities အပြည့်အစုံကို တခြားမှာရှာလို့ရမှာလည်းမဟုတ်ဘူး ခြံဝမှာက cctvတွေရှိတယ် သွားမဆိုပေးရင် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံရအုံးမယ် ရှုံးတဲ့မင်းက အိမ်လည်းရှာပေးရမှာပေမဲ့ မင်းအဖြစ်မရှိလို့ ငါကရှာလာပေးတာ ပြီးတော့.....မင်းကိုမဟုတ်ဘူး မင်းတို့ကိုလို့ပြော...''
"ဘာ... ဘယ်လို... ဟာ... ဟေ့ကောင်''
"ဟုတ်တယ် မင်းတို့ကိုပါခေါ်လာရမှာတဲ့ ဟားဟား ငါတစ်ယောက်တည်းအဆဲမခံနိုင်ပါဘူး... အဟင်းဟင်း ''
နှစ်တစ်ထောင်ဘီလူးပြုံးနဲ့ ထရိုက်ချင်စရာ သိပ်ကိုကောင်းလှပါသော ။
တဝါးဝါးရယ်ရင်း ကမ်းခြေဘက်ပြေးထွက်သွားသူကို ကြည့်ရင်း Chanyeol ကြောင်အမ်းအမ်းသာရပ်နေမိသည်။ ဒါဆို ငါက ၂ခါအဆဲခံရမှာပေါ့ ။ တောက်..... ကောက်ကျစ်လိုက်တဲ့ Baekhyun....
~~~~
အလုပ်ကိစ္စ ချုပ်ချယ်ကန့်သတ်တာတွေ ဘာဆိုဘာမှမပါဘဲ ကိုယ့်ဘဝကိုစိတ်ကြိုက်အသုံးချလို့ရတဲ့ အခုလိုအချိန်မျိုးမှာ alcoholလေးပါလိုက်မှ ပိုတောက်ပသွားတာမျိုး ။ ရေခဲသေတ္တာထဲ ဆိုဂျူး မက်ဂျူး မက်ကောလီအပြည့်ရှိသလို ဖန်သားနဲ့အလှဆင်ထားတဲ့ အသေးစားbar counterထဲ တဖိတ်ဖိတ်တောက်နေတဲ့နိုင်ငံခြားဖြစ်အရက်ပုလင်းများနဲ့ နှစ်ချို့wineပုလင်းများကလည်း လူကိုမြူဆွယ်နေလေသည်။ ဒီညတော့ မူးအောင်သောက်ပြီး မွန်းကျပ်တာတွေကနေ ခဏလောက်ဖောက်ထွက်ရအောင်ကွာ...။ memberတွေရဲ့ အပျော်တွေက ကျွန်တော့်ကိုထိုင်ကြည့်နေရုံနဲ့တင် ဗိုက်ပြည့်စေသည်။ (ဘေးမှာ အသားကင်တွေချပြီး 😁)
STAI LEGGENDO
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fanfictionခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)