ထိုနေ့ဟာ ထိတ်လန့်ခြောက်ခြားဖွယ်အတိ....
ရောက်လာမှာ သိသိရဲ့နဲ့ မမြင်ချင်ယောင်ဆောင်ရင်းက ထိပ်တိုက်တွေ့ဆုံရတဲ့နေ့....
အက်ကြောင်းရေးရေးနဲ့ ချစ်သူ့နှလုံးသားအပေါ် သွေးခြည်ဥစေသော....
ကျွန်တော့်အပြစ်ကြောင့် ကျွန်တော့်ကမ္ဘာလေးထဲ မုန်တိုင်းထန်ခဲ့တဲ့နေ့...
Shooting ပြီးပြီးချင်း Chanyeol နဲ့ D.Oဆီက misscall 16ခေါက်နဲ့ အသံmessage 3ခုအားကြားခဲ့ရသည့်သကာလ manager hyungကိုအိမ်မြန်မြန်ပြန်ပို့ခိုင်းရတော့သည်။ မျက်စိမျက်နှာပျက်နေတဲ့ကျွန်တော့်ကို စိုးရိမ်ပေမဲ့ ဘာတစ်ခုမှထုတ်မမေးခဲ့ဘူး ၊ မေးရင်လည်း ကျွန်တော်ပြန်ဖြေလိမ့်မှာမဟုတ်လို့ manager hyung နောက်ကြည့်မှန်ကနေသာ နားကြပ်တပ်ထားတဲ့ကျွန်တော့်ကို စက္ကန့်မခြားလှမ်းကြည့်နေခဲ့သည်။
" Suho hyungဘယ်လိုလုပ်လိုက်တာလဲ hyungရဲ့kiss scence တွေကို Sehunမြင်သွားပြီ မြန်မြန်ပြန်လာခဲ့တော့ ''
" Suho ya... Sehunပေါက်ကွဲနေပြီ ငါတို့လည်းတတ်နိုင်သလောက် ထိန်းနေတယ်.. မင်းဟာကလည်းကွာ ထင်ထားတာထက်ဆိုးနေတော့.... ''
" Suho ya... မြန်မြန်ပြန်လာပါတော့ကွာ မဟုတ်ရင် အိမ်ကပစ္စည်းတွေကုန်တော့မယ် အခြေအနေကစိုးရိမ်ရတယ်ဟေ့ကောင်ရေ... ကွဲတဲ့သူကကွဲ ပြဲတဲ့သူကပြဲကုန်ပြီ ''
အသံmessageအားလုံးကို တကျော့ပြီးတကျော့ ပြန်လည်နားထောင်ရင်း နှလုံးတွေတုန်ကာ လူလည်းမောဟိုက်လာသည်။ အိမ်ရှေ့ကားရောက်ပြီဆိုတာနဲ့ manager hyungကိုတောင် နှုတ်မဆက်နိုင်ဘဲ အိမ်ထဲတန်းပြေးဝင်လာခဲ့ရသည်။ ဝင်ဝင်ချင်း ဧည့်ခန်းထဲကဆိုဖာပေါ်ထိုင်ပြီး Xiuminဆီက ကြပ်ထုပ်ထိုးခံနေရတဲ့Chanyeolကို ကြည့်ပြီး ကျွန်တော်သွေးတွေပါဆောင့်တက်လာသည်။
" Chanyeol! ဘယ်လိုဖြစ်ရတာလဲကွာ ''
" Suho hyung!! ခုမှလာရလား...အီး..ဟီးဟီး... Sehunက...Sehunက... ChanyeolကိုTV remoteနဲ့ထုလိုက်တာ...အခုYeolခေါင်းမှာ ဘုကြီးနဲ့...အီး..ဟီး..ဟီး.. ''
ငိုသံကြီးတစ်ဝက်နဲ့ Baekhyunရဲ့စကားတွေကို မနည်းနားလည်အောင်ဘာသာပြန်နေရသည်။
" သူအရမ်းစိတ်တိုနေတယ်Suho အဲ့အခန်းမြင်မြင်ချင်း သူ့ကိုငါတို့ဝိုင်းဖြောင်းဖျကြပါသေးတယ်.. ဒါပေမဲ့သူကအရမ်းစိတ်တိုနေတော့ မင်းshootingကိုလိုက်သွားမယ်လုပ်တာ အဲ့ဒါကိုChanyeolကတားရင်းနဲ့ သူကိုင်ထားတဲ့TV remoteနဲ့ထုပစ်လိုက်တာ... ငါတို့လည်း သူ့ကိုမနည်းဝိုင်းဆွဲပြီး အခန်းထဲထည့်ထားရတယ် Sehunတော်တော်အားသန်တာ ''
ANDA SEDANG MEMBACA
လေပြေခေါ်တဲ့ မိုးရေစက်[completed]
Fiksyen Peminatခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေရယ် သက်တံ့တွေကိုနားမလည်တဲ့ လူ့အသိုင်းအဝိုင်းနဲ့ ချစ်ခြင်းတိုင်းဟာဖြူစင်ပါတယ်ဆိုတဲ့ aeris နောက်ပြီး..... လေပြေခေါ်တဲ့မိုးရေစက် Aerisလေးတွေ စံထားရပါတယ်ဆိုတဲ့ Idolဆိုတဲ့ဂုဏ်ပုဒ်ကြီးတွေအောက်က ကျွန်တော်တို့နှစ်ယောက်အချစ်...
![လေပြေခေါ်တဲ့ မိုးရေစက်[completed]](https://img.wattpad.com/cover/155291062-64-k777307.jpg)