Ep (24) Final

2.5K 152 63
                                        


" မှန်မှန်ပြောစမ်း.. နင်ငါ့ကိုလွမ်းလို့လာတာမလား ၊ ငါ့တို့ရည်းစားဘဝကလည်း ဒီကိုတစ်ခါရောက်သေးတယ်လေ နင့်papaကိုမွေးနေ့လက်ဆောင်ပေးဖို့ဆိုပြီး လာရှာတာ နင်မှတ်မိလား ''

" အ...အင်း.... မှတ်မိ..ပါတယ် ''

Suhoက Sehunမျက်နှာတစ်ချက်မော့ကြည့်ကာ Naralကိုဝတ်ကျေတန်းကျေသာပြန်ဖြေမိသည် ။ Naralဟာ သူ့ရဲ့အတိတ်ကရည်းစားဖြစ်ခဲ့ဖူးတယ်ဆိုတာနဲ့တင် Sehunကိုအားနာလှနေပြီ ။ ရုတ်တရက်Sehunက Suhoလက့်ကို ဆောင့်ဆွဲလိုက်သည် ၊ ခုဏလေးကတင် သတင်းထောက်တွေမြင်သွားမှာကြောက်တယ်ဆိုတဲ့ကလေးကလေ ။

" Hyung ပြန်ရအောင် ၊ ကျွန်တော်နေမကောင်းတော့ဘူး ''

ထပ်၍ရင်မဆိုင်ချင်သည့် အနေအထားတွေအတွက် အယဉ်ကျေးဆုံးရှောင်ထွက်နည်းဟု ကျွန်တော်သတ်မှတ်သည် ။

" ဟင်? နေမကောင်းဘူးလား ပြစမ်း ''

Suhoက Sehunရဲ့အနွေးထည်ခေါင်းစွပ်အောက်က နဖူးပြင်ပေါ်လက်တင်ကာ သူ့နဖူးပေါ်လည်းလက်တင်ရင်း ခန္ဓာကိုယ်အပူချိန်၂ခုရဲ့ ခြားနားခြင်းကိုစမ်းစစ်ကြည့်လိုက်သည်။ maskပေါ်ကနေ ပါးနှစ်ဖက်ကိုအုပ်ကာ

" နည်းနည်းတော့နွေးနေသလိုပဲ... လာ...လာ ပြန်မယ် ၊ ဒီမှာလေစိမ်းတွေအရမ်းတိုက်လို့ထင်တယ် ၊ Naral... ငါပြန်တော့မယ် သူ့ကိုဆေးရုံလိုက်ပို့ပေးလိုက်အုံးမယ် ''

" သြော်... အေးပါဟာ နောက်မှတွေ့မယ် Myeonna ''

" အေး အေး see you ''

Suhoကတော့ Naralဆိုသူကို လှည့်မကြည့်နိုင်အားဘဲ Sehunလက်ကိုဆွဲကိုင်ကာ သူ့အနွေးထည်အိပ်ကပ်ထဲထည့်လိုက်သည် ၊ ပြီးတော့ ကားထားခဲ့ရာ မြစ်ကမ်းနဘေးpackingကိုသာ ခပ်သွက်သွက်ပြန်လာခဲ့လိုက်သည် ။ Suhoက ကားတံခါးကိုဖွင့်ကာ Sehunကိုဘေးခုံမှာထိုင်စေ၍ သူကိုယ်တိုင်ကတော့ ယာဉ်မောင်းနေရာမှာဝင်ထိုင်လိုက်သည် ။ Sehunရဲ့ maskကိုဖြုတ်ပေးလိုက်စဉ် Sehunကဘာမပြောညာမပြောနှင့် Suhoကိုဆွဲဖက်လိုက်သည် ။

" အွန့်... Sehun ဘာလို့ ရုတ်တရက်ကြီး ''

" အဲ့ဒါ Hoshiရည်းစားဟောင်းမလား? စန္ဒရားတီးပြီး သီချင်းဆိုပြခဲ့တာ အဲ့မိန်းမကိုလား ''

လေပြေခေါ်တဲ့ မိုးရေစက်[completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ