Ep (18)

1.5K 163 42
                                        


ဒီနေ့ အဖွဲ့လိုက်ရိုက်ကူးရေးရှိသည့်အတွက် တစ်မနက်ခင်းလုံးscheduleတွေနဲ့ ရှုပ်ယှက်နေခဲ့သည်။ သနားဖို့ကောင်းတဲ့ Hyungက ဒီဘက်ရိုက်ကူးရေးပြီးတာနဲ့ နေ့လည်စာတောင်မစားနိုင်ဘဲ series ရိုက်ကူးရေးကိုပြေးသွားရရှာသည်။ အလုပ်နဲ့ပက်သက်ရင် အားကြိုးမာန်တတ်နှင့် အင်တိုက်အားတိုက်အလုပ်လုပ်တတ်သည့် ကျွန်တော့်ချစ်သူအတွက် ကြံဖန်ဂုဏ်ယူမိပြန်သည်။ Baekhyun,Chenနဲ့ Xiuminတို့ကလည်း အဖွဲ့ခွဲတစ်ခုအနေနဲ့ တခြားရိုက်ကူးရေးကိုဆက်ကူးသွားရသည်။ D.Oကတော့ နန်းတွင်းနောက်ခံdramaကားတစ်ကား ကမ်းလှမ်းခံထားရလို့ ဒီနေ့ဇာတ်ညွှန်းဖတ်ကြမည်ဖြစ်သည်။ ဒီနေ့အဖို့ ကျန်၄ယောက်ကတော့ ညနေပိုင်းတစ်ပိုင်းလုံး အနားယူရန်အချိန်ရလိုက်သည်။

Sehunကုတင်ပေါ်လှဲရင်း ဖုန်းသုံးနေတုန်း နိုင်ငံခြားcallတစ်ခုဝင်လာသည်။

" ဟယ်လို...ဘယ်သူလဲမသိဘူး? "

" Hun ကိုယ်ပါ...''

ဒီအသံက ဘယ်သူဆိုတာနာမည်မပြောပြရုံနဲ့ ရင်ထဲကအလိုလိုတုန့်ပြန့်နေသေးတဲ့ တစ်ယောက်သောသူရဲ့ အသံဆိုတာ Sehunချက်ချင်းသိလိုက်သည်။

[ ဒီအပိုင်းအတွက် recommend ပေးချင်တဲ့သီချင်းလေးက Are you human too? ထဲ 2BIC ဆိုထားတဲ့ Heartဆိုတဲ့ ost လေးပါ ]

" Ge...''

Geဟုသာ ခေါ်နိုင်ပြီး စကားလုံးတွေပျောက်ရှသွားခဲ့သည်။ အဖွဲ့ထဲကထွက်သွားပြီးနောက်လည်း သူနဲ့ကျွန်တော် အဆက်အသွယ်ရှိခဲ့ပါသေးတယ် ။ သူရည်းစားမရခင်ထိ ဆိုပါတော့။ တိတိကျကျပြောရရင် သူ့ဆီက နောက်မဆက်သွယ်တော့ပါဘူးလို့ပြောပြီး 1နှစ် 10လ 28ရက်အကြာမှာ အခု သူ့အသံကိုပြန်ကြားရခြင်းပါ။

" Hun..ကိုယ့်ရဲ့Hunလေး... ကိုယ်အရမ်းချစ်ခဲ့ရတဲ့Hun..''

" Ge.. မူးနေတဲ့ပုံပဲ.. လူမှားဆက်နေတာထင်တယ် ဒါပဲ''

" မချပါနဲ့ ဖုန်းမချလိုက်ပါနဲ့Hunရယ်... ကိုယ်..ကိုယ်မင်းကိုထားခဲ့လို့...ဝဋ်လည်ပြီနဲ့တူတယ်... ကိုယ်အရမ်းနာကျင်နေတယ်Hun....ကိုယ်တကယ်လောကကြီးထဲက ထွက်သွားချင်နေပြီ....''

မကြာင်ခင်က suicide လုပ်သွားခဲ့တဲ့ Jonghyun hyungရဲ့ ကြေကွဲစို့နစ်စရာအဖြစ်အပျက်တချို့က ကျွန်တော့်ကိုခြောက်ခြားသွားစေသည်။ ဘုရား...ဘုရား...Geလည်း..

လေပြေခေါ်တဲ့ မိုးရေစက်[completed]Место, где живут истории. Откройте их для себя